DVB Logo
Home
မြန်မာသတင်း
သေမင်းတမန်ရထားလမ်းဖောက်စဉ် သေဆုံးခဲ့သူများအတွက် အမှတ်တရပွဲကျင်းပ
DVB
·
October 17, 2018
သေမင်းတမန်ရထားလမ်းဖောက်စဉ် သေဆုံးခဲ့သူများအတွက် အမှတ်တရပွဲကျင်းပ
1 / 13
Donate to DVB

သေမင်းတမန်ရထားလမ်းဖောက်လုပ်မှာ သေဆုံးသွားခဲ့ကြသူတွေအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲကို အောက်တိုဘာ ၁၇ ရက် ဒီကနေ့ မနက်က မွန်ပြည်နယ်၊ သံဖြူဇရပ်ရှိ ဓနသဟာယ စစ်သင်္ချိုင်းမှာ ကျင်းပပါတယ်။

ဒီအခမ်းအနားကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ သံအမတ်ကြီးတွေ၊ စစ်သံမှူးတွေနဲ့  စစ်ပြန်တွေ တက်ရောက်ခဲ့ကြပြီး ဩစတြေးလျစစ်သံမှူးနဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ်တို့ အမှာစကား ပြောကြားခဲ့ကြတယ်လို့ မွန်ပြည်နယ်အစိုးရရုံးက သတင်းထုတ်ပြန်ပါတယ်။

အခမ်းအနားမှာ သေဆုံးသွားသူတွေအတွက် လွမ်းသူ့ပန်းခွေချ၊ ခရာမှုတ်ပြီး ၂မိနစ် ငြိမ်သက်ဆုတောင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်း ၁၉၄၃ ခုနှစ်ကက ၂၅၈ မိုင်အရှည်ရှိတဲ့ ထိုင်း- မြန်မာမီရထားလမ်းကို ဖက်ဆစ်ဂျပန်တို့က ဖောက်လုပ်ခဲ့ရာမှာ ချွေးတပ်စွဲခံရ၊ အဓမ္မလုပ် အားပေးခဲ့ရတဲ့   မြန်မာအပါအ၀င် အရှေ့တောင်အာရှနိုင်ငံတွေက ပြည်သူ ၉၀,၀၀၀ လောက်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက စစ်သုံ့ပန်း ၁၂,၀၀၀ လောက် အသက်ပေးသွားခဲ့ကြတာပါ။

ဓာတ်ပုံ-MonStateGovernment

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013