DVB Logo
Home
မြန်မာသတင်း
သွေးပျက်ထိတ်လန့်ဖွယ်မြင်ကွင်းများနဲ့ လျှို့ဝှက်သည်းဖိုရုပ်ရှင် - The Super (နမူနာ)
DVB
·
October 17, 2018
သွေးပျက်ထိတ်လန့်ဖွယ်မြင်ကွင်းများနဲ့ လျှို့ဝှက်သည်းဖိုရုပ်ရှင် - The Super (နမူနာ)
Donate to DVB



သွေးပျက်ထိတ်လန့်ဖွယ် မြင်ကွင်းတွေနဲ့ ရှုစားကြရမယ့် The Super အမည်ရတဲ့ လျှို့ဝှက်သည်းဖို ရုပ်ရှင်ကားကို လာမယ့် အောက်တိုဘာ ၁၉ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ Saban Films က တင်ဆက်လိုက်တာဖြစ်ပြီး ဂျာမန်ရုပ်ရှင်ဒါရိုက်တာ Stephan Rick က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကတော့ နယူးယောက်မြို့က ဇိမ်ခံ လူနေအဆောက်အအုံကြီးတခုကို အခြေတည် ရိုက်ကူးထားတာပါ။ အဲဒီအိမ်ကြီးထဲမှာ နေထိုင်ကြသူတွေထဲက ဆယ်ကျော်သက်တယောက် စပျောက်သွားခဲ့ပြီးနောက်မှာ တယောက်ပြီးတယောက် ထူးထူးဆန်းဆန်း ပျောက်ဆုံးကုန်တယ်။ အဲဒီအချိန်မှာ ရဲအရာရှိဟောင်းတယောက်ဖြစ်တဲ့ Phil Lodge ဟာ လျှို့ဝှက်စုံစမ်းစစ်ဆေးရေးမှူးတယောက်အဖြစ် အဲဒီအိမ်ကြီးဆီ ရောက်လာချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ အချိန်မလွန်ခင် ဒီအဖြစ်အပျက်တွေရဲ့ တရားခံကို ရှာဖွေရင်း သူနဲ့အတူပါလာတဲ့ သမီးတွေပါ အန္တရာယ်ပြေးလမ်းပေါ် ရောက်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ။ တရားခံကရော ဘယ်သူလဲ ဆိုတာတွေကို မကြာခင်မှာ ပရိသတ်တွေ ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ အမေရိကန် သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Patrick John Flueger, Val Kilmer, Louisa Krause တို့နဲ့အတူ ကလေးသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Mattea Conforti, Taylor Richardson တို့က ခေါင်းဆောင်ပါဝင်ထားကြတာပါ။

ကြမ်းတမ်းတဲ့ မြင်ကွင်းတွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေ၊ ပြကွင်းပြကွက်တွေ ပါဝင်နေတာမို့ ဒီရုပ်ရှင်ကားကိုတော့ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေကို မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

ကြာမြင့်ချိန် မိနစ် ၉၀ ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 6.2 အထိ ရရှိထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013