DVB Logo
Home
မြန်မာသတင်း
ကိုကိုးကျွန်းတွင် အမျိုးသမီးမြို့နယ်အုပ်ချုပ်ရေးမှူး ခန့်အပ်
DVB
·
October 17, 2018
ကိုကိုးကျွန်းတွင် အမျိုးသမီးမြို့နယ်အုပ်ချုပ်ရေးမှူး ခန့်အပ်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ ကိုးကိုးကျွန်းမြို့နယ်အတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန က  အမျိုးသမီးသမီးတယောက်ကို မြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ် တာဝန်ပေးလိုက်ပါတယ်။

ပုသိမ်ခရိုင်မှာ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်နေတဲ့ ဒေါ်မိုးမိုးအေးကို ကိုကိုးကျွန်း မြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် ပြည်ထဲရေးဝန်ကြီးရုံးရဲ့ အောက်တိုဘာ ၁၁ ရက်က အမိန့်စာနဲ့ ပြောင်းရွှေ့ တာဝန်ပေးလိုက်တာပါ။

သူဟာ ကိုကိုးကျွန်းမှာ စာရေးတာဝန်ကနေ ဒုဦးစီးမှူးအထိ တာဝန်ကျခဲ့တာလို့ အတူ တာဝန်ထမ်းဆောင်ခဲ့သူ တယောက်က ပြောပါတယ်။

ဒါဟာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသမိုင်းမှာ ဒုတိယမြောက် အမျိုးသမီး မြို့နယ် အုပ်ချုပ်ရေးမှူး ခန့်အပ်တာ ဖြစ်ပြီး ဒီမတိုင်ခင်က ရမည်းသင်းမြို့နယ်မှာ တယောက်ခန့် အပ်ခဲ့ဖူးတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာရှိတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ် တယောက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ မြို့နယ်၊ ခရိုင်နဲ့ တိုင်း အုပ်ချုပ်ရေးမှူး ရာထူးတာဝန်တွေကို အမျိုးသမီးတွေ ခန့်အပ်တာဝန်ပေးဖို့ ရှိ၊ မရှိ မေးမြန်းခဲ့ဖူးပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက ၁၉၉၂ ခုနှစ်က စတင်လို့ ဝင်ပေါက်ရာထူးဖြစ်တဲ့ ဦးစီးအရာရှိရာထူးနေရာတွေအတွက် ခေါ်ယူရာမှာ အမျိုးသား၊ အမျိုးသမီး ခွဲခြားတာမရှိဘဲ ခေါ်ယူသလို ရာထူးတိုးမြှင့်ခန့်ထားရာမှာလည်း ဒုညွှန် ကြားရေးမှူးချုပ် အဆင့်ထိ တိုးမြှင့် တာဝန်ပေးအပ်ထားတယ်လို့ ဖြေပါတယ်။

အခုအခါ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ဒုညွှန်ကြားရေးမှူးချုပ် ၁ ယောက်၊ ညွှန်ကြားရေးမှူး ၃ ယောက်၊ ဒုညွှန်ကြားရေးမှူး ၁၃ ယောက်၊ လက်ထောက် ညွှန်ကြားရေးမှူး ၅၉ ယောက်၊ ဦးစီးအရာရှိ ၁၆ ယောက်နဲ့ ဒုဦးစီးမှူး ၅၅၆ ယောက်၊ စုစုပေါင်း အမျိုးသမီးဝန်ထမ်း ၆၄၈ ယောက် တာဝန်ထမ်းဆောင်နေတယ်လို့ ဆိုပါတယ်။

ပြောင်းလဲကျင့်သုံးလာတဲ့ လူနေမှု ပတ်ဝန်းကျင် အမြင်၊ အုပ်ချုပ်ရေး သဘောတရားတို့ကို ချိန်ဆပြီး နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းပညာတွေနဲ့အညီ တန်းစီဇယားအလိုက် ရာထူးတိုးမြှင့်ပေးနေတာကြောင့် လက်ရှိတာဝန်ထမ်းနေတဲ့ အရာထမ်းငယ် အမျိုးသမီးတွေ အနေနဲ့ ရာထူးအဆင့်ဆင့် တိုးမြှင့်ရရှိတဲ့အချိန်မှာ အုပ်ချုပ်ရေးမှူး တာဝန်တွေ ထမ်းဆောင်ခွင့်ရရှိလာကြမယ်လို့လည်း ဖြေခဲ့ပါတယ်။

အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးအောင်သိုက်ဝင်းက “ကျနော့်အမြင်နဲ့ ပြောရရင် သတ်မှတ်အရည်အချင်းနဲ့ စွမ်းဆောင်နိုင်မှု တွေ အပေါ်မူတည်ပြီး အမျိုးသမီး အုပ်ချုပ်ရေးမှူးတွေကို ဆက်လက်ခန့်အပ်တာဝန်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်လာတဲ့ ဒေါ်မိုးမိုးအေးကို ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်မဖြေကြား ခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013