DVB Logo
Home
မြန်မာသတင်း
အလဲဗင်းမီဒီယာ သတင်းသမား ၃ ဦးကို ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေး
DVB
·
October 17, 2018
အလဲဗင်းမီဒီယာ သတင်းသမား ၃ ဦးကို ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေး
Donate to DVB

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ အလဲဗင်းမီဒီယာက သတင်းသမားသုံးဦးကို ဒီကနေ့မနက် တာမွေမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ်အဖြစ် စတင်ရုံး ထုတ်စစ်ဆေးပါတယ်။

အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်ပါ “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ” သတင်းဆောင်းပါးဟာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြည်သူတွေက အကြည်ညိုပျက်ပြီး အယုံအကြည်မဲ့ စေတယ်ဆိုပြီး အလဲဗင်း သတင်းသမား ၃ဦးဟာ ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆိုခံနေရတာပါ။

အယ်ဒီတာချုပ် ဦးကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ဦးနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်းတို့ကို ဖမ်းဆီးအရေးယူထားတာနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပက သတင်းမီဒီယာသမားတွေက အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပြီး မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီကလည်း သတင်းမီဒီယာဥပဒေနဲ့သာ အရေးယူဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013