DVB Logo
Home
မြန်မာသတင်း
ဆယ်ကျော်သက် စကိတ်သမားလေးတယောက်၏ ဘဝဖြတ်သန်းမှု ရုပ်ရှင် - Mid90s (နမူနာ)
DVB
·
October 17, 2018
ဆယ်ကျော်သက် စကိတ်သမားလေးတယောက်၏ ဘဝဖြတ်သန်းမှု ရုပ်ရှင် - Mid90s (နမူနာ)
Donate to DVB



ဟောလိဝုဒ်ဒရာမာရုပ်ရှင်ကြိုက် ပရိသတ်တွေ နှစ်သက်ကြမယ့် Mid90s အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် အောက်တိုဘာ ၁၉ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Jonah Hill က သူကိုယ်တိုင် ဇာတ်လမ်းရေးပြီး ကိုယ်တိုင်ပုံဖော် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ၁၉၉၀ ပြည့်နှစ်ကာလတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့ အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေး Stevie ဟာ လော့စ်အိန်ဂျလိစ်မှာ အစ်ကိုဖြစ်တဲ့ Ian, Single Mom ဖြစ်တဲ့ Dabney တို့နဲ့ အတူနေထိုင်တယ်။ သူ့အစ်ကိုကလည်း သူ့အပေါ် ကြင်ကြင်နာနာ မရှိသလို သူ့မိသားစုဘဝဟာ စိတ်ပျက်စရာကောင်းတဲ့ အခြေအနေမှာ ခက်ခက်ခဲခဲ ရပ်တည်နေထိုင်နေရတယ်။

တခုသော နွေရာသီမှာတော့ သူဟာ Motor Avenue အမည်ရတဲ့ Skate Shop မှာ Skaters သူငယ်ချင်းအုပ်စုတစုနဲ့ ခင်မင်မိသွားချိန်မှာတော့ သူ့ရဲ့ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲသွားခဲ့တယ်။ Mid90s ဆိုတဲ့အတိုင်း ဒီရုပ်ရှင်ကားထဲမှာ ၁၉၉၀ ပြည့်လွန်ကာလတွေက အမေရိကန် ဆယ်ကျော်သက်တွေရဲ့ ဖြတ်သန်းမှုပုံရိပ်တွေ၊ အခြေအနေတွေကို ဘယ်လိုပုံဖော် ရိုက်ကူးထားမလဲ ဆိုတာကို ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာ အမေရိကန် ကလေးသရုပ်ဆောင်တဦးဖြစ်တဲ့ Sunny Suljic က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ တခြား သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Lucas Hedges, Katherine Waterston တို့က အဓိက တွဲဖက်ပါဝင် သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၈၄ မိနစ်ပဲရှိတဲ့ ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တွေဖြစ်တဲ့ Toronto Film Festival နဲ့ Newyork Film Festival တွေမှာ ကနဦးပြသခဲ့ပြီး IMDb မှာလည်း Rating 7.6 ထိ ရရှိထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013