DVB Logo
Home
မြန်မာသတင်း
လွတ်လပ်စွာသွားလာခွင့်နှင့် ပညာသင်ခွင့်ရရှိရန် ကုလ ကိုယ်စားလှယ်ထံတင်ပြ
DVB
·
October 17, 2018
လွတ်လပ်စွာသွားလာခွင့်နှင့် ပညာသင်ခွင့်ရရှိရန် ကုလ ကိုယ်စားလှယ်ထံတင်ပြ
Donate to DVB

လွတ်လပ်စွာသွားလာခွင့်နဲ့ လွတ်လပ်စွာပညာသင်ခွင့်တွေရဖို့ ဘင်္ဂါလီ ခေါင်းဆောင်တွေက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရွှာနာဘာဂျီနာကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရွှာနာ ဘာဂျီနာဟာ အကြမ်းဖက်မှုတွေဖြစ်ပွားတဲ့ မောင်တောဒေသကို သွားရောက်ခဲ့ပြီး စစ်တွေမြိ့နယ်မှာရှိတဲ့ ဘင်္ဂါလီတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

စစ်တွေမြို့ထဲက ဘဂါင်္လီတွေနေထိုင်တဲ့ အောင်မင်္ဂလာရပ်ကွက် သက္ကေပြင် ကယ်ဆယ်ရေးစခန်းတွေကို အောက်တိုဘာ ၁၆ ရက်နေ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ဘင်္ဂါလီတွေကို လွတ်လပ်စွာသွားလာခွင့်ပေးဖို့နဲ့ ဆေးကုသခွင့်တွေ၊ ပညာသင်ခွင့်တွေပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စား လှယ်ကို ဆွေးနွေးတင်ပြခဲ့တယ်လို့ဘင်္ဂလီခေါင်းဆောင်တွေကပြောပါတယ်။

ဘင်္ဂါလီတွေကို လွတ်လပ်စွာ သွားလာခွင့်ပေးဖို့နဲ့ ဆေးကုသခွင့်တွေ၊ ပညာသင်ခွင့်တွေ ရရှိဖို့ အစိုးရနဲ့တိုင်ပင်ဆွေးနွေးပြီး ညှိနှိုင်းဆောင်ရွက်မှု လုပ်ဆောင်သွားမယ်ဆိုတာကို အထူးကိုယ်စားလှယ်မစ္စခရစ္စတင်း ရွှာနာဘာဂျီနာက ပြောဆိုခဲ့ တယ်လို့ ဘင်္ဂါလီခေါင်းဆောင် အဒူရဟိင်းက ပြောပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်မှာတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ စစ်တွေဆေးရုံးကြီးနဲ့ ကျောက်တော်မြို့နယ်က နိးဒါန်ဘင်္ဂါလီဒုက္ခသည်စခန်းတွေနဲ့ မောင်တောဒေသကိုသွားရောက်ခဲ့ပြီး  အောက်တို၁၆ ရက်မှာတော့ စစ်တွေမြို့ကနေ ပြန်လည်ထွက်ခွာသွားပါတယ်။

ဒုက္ခသည်တွေနဲ့ ဆွေးနွေးမှုနဲ့ပတ်သက်ပြီး သဘောထားအမြင်သိရဖို့  မစ္စ ဘာဂျီနာကို ဒီဗွီဘီက မေးမြန်းခဲ့ပေမယ့် ပြန်လည် ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013