DVB Logo
Home
မြန်မာသတင်း
မြူးမြူးကြွကြွ ဂီတ အက အလှအပတွေနဲ့ ရှုစားကြရမယ့် ဘောလိဝုဒ် အချစ်ဒရာမာရုပ်ရှင် - Namaste England (နမူနာ)
DVB
·
October 16, 2018
မြူးမြူးကြွကြွ ဂီတ အက အလှအပတွေနဲ့ ရှုစားကြရမယ့် ဘောလိဝုဒ် အချစ်ဒရာမာရုပ်ရှင် - Namaste England (နမူနာ)
Donate to DVB



ဘောလိဝုဒ် ပရိသတ်တွေ အကြိုက်တွေ့စေမယ့် Namaste England အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် အောက်တိုဘာ ၁၈ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Romantic Comedy အမျိုးအစား ရုပ်ရှင်ကြိုက်တဲ့ ပရိသတ်တွေ နှစ်သက်ကြမယ့် ဒီရုပ်ရှင်ကားကိုတော့ အိန္ဒိယရုပ်ရှင်ဒါရိုက်တာ Vipul Amrutlal Shah က ရိုက်ကူး ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

Namaste England ဆိုတာ ဟင်ဒီဘာသာစကားနဲ့ဆိုရင် “မင်္ဂလာပါ အင်္ဂလန်” လို့ အဓိပ္ပာယ်ရပြီး ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့ပြီးဖြစ်တဲ့ ရုပ်ရှင်ရဲ့ နောက်ဆက်တွဲအဖြစ် ထပ်ထွက်လာတဲ့ ရုပ်ရှင်ကားပါ။ လွတ်လပ်မှုရရှိဖို့၊ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ နိုင်ငံပြင်ပကို ထွက်သွားတဲ့ ဇနီးနောက်ကို လိုက်သွားတဲ့ ခင်ပွန်းတယောက်။

အိန္ဒိယနိုင်ငံ ပန်ဂျပ်ကနေ ဒါကာ။ အဲဒီကမှ ပြင်သစ်၊ ဘယ်လ်ဂျီယံ။ နောက်ဆုံးမှာ လန်ဒန်ထိရောက်အောင် လိုက်သွားခဲ့တဲ့ အကြောင်းကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ဘောလိဝုဒ် နာမည်ကြီးသရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Arjun Kapoor, Parineeti Chopra, Hiten Patel တို့က ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဘောလိဝုဒ် အချစ်ဟာသဒရာမာ ရုပ်ရှင်ကားတွေရဲ့ ထုံးစံအတိုင်း ဒီကားထဲမှာလည်း အကအလှတွေ၊ တေးသီချင်းတွေနဲ့အတူ ရှုစားကြရမှာ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၁၄၅ မိနစ်ရှိတဲ့ Namaste England ရုပ်ရှင်ကားကို နေရာပေါင်း ၇၅ ခုလောက်မှာ ရိုက်ကူးထားခဲ့တာဖြစ်ပြီး အိန္ဒိယ၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံ စတဲ့နိုင်ငံတွေက ရှုခင်းအလှအပတွေနဲ့အတူ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013