DVB Logo
Home
မြန်မာသတင်း
သဘာဝဘေးကြောင့် သီးနှံပျက်စီးမှု ၁ နှစ်အတွင်း ကျပ်သန်း ၄၀၀၀ ကျော်အစိုးရထောက်ပံ့
DVB
·
October 16, 2018
သဘာဝဘေးကြောင့် သီးနှံပျက်စီးမှု ၁ နှစ်အတွင်း ကျပ်သန်း ၄၀၀၀ ကျော်အစိုးရထောက်ပံ့
Donate to DVB

စစ်ကိုင်းတိုင်းအပါအဝင် တနိုင်ငံလုံးက သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားခဲ့တဲ့ သီးနှံ ၁၄ မျိုးအတွက် နိုင်ငံတော်ရဲ့ ပြည်ထောင်စုသီးသန့်ရန်ပုံငွေကနေ တိုင်းနဲ့ ပြည်နယ်အားလုံး အတွက် ကျပ်သန်းပေါင်း ၄၃၄၉ သန်းကျော်ကို ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

တိုင်းနဲ့  ပြည်နယ်အားလုံးမှာ စပါး၊ ဆီထွက်သီးနှံနဲ့  ပဲမျိုးစုံအပါအဝင် စိုက်ဧက စုစုပေါင်း ၃၂၁၀၀၀ ဧကကျော် ပျက်စီးဆုံးရှုံးခဲ့တာပါ။

စိုက်ဧက အများဆုံးအနေနဲ့ ရှမ်းပြည်နယ်က ဧက ၈၁၀၀၀ ကျော်နဲ့အများဆုံးဖြစ်ပြီး ထောက်ပံ့ငွေ ၁၂၁၃ သန်းကျော်နဲ့ အများဆုံးထောက်ပံ့ခဲ့ရပါတယ်။ အဲဒီပျက်စီးသွားတဲ့ စိုက်ခင်းတွေအတွက် ပျက်စီးဆုံးရှုံးမှုအပေါ်မူတည်ကာ ၁ ဧကကို  ငါးထောင်ကျပ်ကနေ ကျပ်နှစ် သိန်းခွဲကျပ်ထိ အစားစားထောက်ပံ့ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာလည်း စစ်ကိုင်းတိုင်းအတွင်းမှာ နာဂဒေသအပါအဝင် ပျက်စီးသွားတဲ့ မြို့နယ်တွေကို တာဝန်ရှိသူတွေကနေ ထောက်ပံ့ပေးနေပါတယ်။

စစ်ကိုင်းတိုင်း စိုက်မွေးသစ်တောဝန်ကြီး ဦးကမ်ဇာမုံက  “သဘာဝဘေး အန္တရာယ်ကတော့ ပြောင်းလဲလာတဲ့ သဘာဝပတ်ဝန်းကျင်အပေါ် မူတည်ပြီး ဖြစ်နေမှာပဲ။ တားလို့မရဘူး။ ဖြစ်လာရင် ဆုံးရှုံးမှုလျော့နည်းအောင် စီမံဖို့ပဲရှိတယ်”လို့ ပြောပါတယ်။

၂၀၁၇-၁၈ ခုနှစ်အတွင်း လေဘေး၊ ရေဘေး၊ ကြွက်ဘေး၊ မိုးသီးဘေးအပါအဝင် ဘေးအမျိုးကြောင့် ပျက်စီးဆုံးရှုံးမှုဧက ၅၂၀၀၀ ကျော်ရှိခဲ့ပြီး ကျပ်သိန်းပေါင်း ၉၈၀၀ နီးပါးထောက်ပံ့ပေးအပ် ထားတာပါ။

အဲဒီထဲက သီးနှံ ၁၄ မျိုးမှာ ပျက်စီးမှုအများဆုံးအနေနဲ့ စပါးစိုက်ဧက ၃၃၇၀၀ ကျော်နဲ့ နွေနှမ်းစိုက်ဧက ၁၀၈၀၀ ကျော် အများဆုံးပျက်စီးခဲ့ကာ ခရိုင်အနေနဲ့ ကသာခရိုင်က အများဆုံးဖြစ်ခဲ့တာပါ။

သီးနှံပျက်ဆီးဆုံးရှုံးမှု စာရင်းတွေအရ အရင်နှစ်ကထက်တော့ အနည်းငယ် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013