DVB Logo
Home
မြန်မာသတင်း
နာမည်ကြီးမင်းသား Jake Gyllenhaal ခေါင်းဆောင်ပါဝင်သည့် ဟောလိဝုဒ်ဒရာမာရုပ်ရှင် - Wildlife (နမူနာ)
DVB
·
October 16, 2018
နာမည်ကြီးမင်းသား Jake Gyllenhaal ခေါင်းဆောင်ပါဝင်သည့် ဟောလိဝုဒ်ဒရာမာရုပ်ရှင် - Wildlife (နမူနာ)
Donate to DVB



ဟောလိဝုဒ်ဒရာမာရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့စေမယ့် Wildlife အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် အောက်တိုဘာ ၁၉ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ အမေရိကန်သရုပ်ဆောင်၊ ထုတ်လုပ်သူနဲ့ ဒါရိုက်တာ Paul Dano က ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီး အမေရိကန်စာရေးဆရာ Richard Ford ရဲ့ ၁၉၉၀ တုန်းက ထွက်ရှိခဲ့တဲ့ စာအုပ်ကို ရုပ်ရှင်အဖြစ် ပြန်ပြီး အသက်သွင်း ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားက ၁၉၆၀ ပြည့်နှစ်ကာလ၊ အမေရိကန်နိုင်ငံ၊ မွန်တားနားဒေသမှာ အခြေတည် ရိုက်ကူးထားတာဖြစ်ပြီး အဲဒီဒေသဟာ တောင်တန်းထူထပ်တဲ့ ဒေသတခုဖြစ်ပြီး ကနေဒါနိုင်ငံနဲ့ ထိစပ်နေတဲ့ ဒေသပါ။ Golf Pro တယောက်ဖြစ်တဲ့ Jerry၊ အိမ်ရှင်မဖြစ်တဲ့ Jeanette နဲ့ တဦးတည်းသောသားဖြစ်တဲ့ ၁၄ နှစ်အရွယ် Joe တို့ဟာ အဲဒီဒေသမှာ နေထိုင်ကြတယ်။ တနေ့မှာတော့ ထိန်းချုပ်လို့မရလောက်အောင် တောမီးလောင်ကျွမ်းမှုကြီးဖြစ်ပြီး Jerry ဟာ အလုပ်ဆုံးရှုံးရတယ်။ ဇနီးနဲ့သားကို ထားခဲ့ပြီး ထောက်ပံ့ပေးနိုင်ဖို့ တနေရာကို ထွက်သွားရတယ်။ ဒီအချိန်မှာ Jeanette က နောက်အမျိုးသားတဦးနဲ့ ဆုံတွေ့ချိန်မှာ သူတို့ရဲ့အိမ်ထောင်ရေး တဖြည်းဖြည်း ပြိုကွဲသွားတာကို ကြုံတွေ့ရတဲ့ ဆယ်ကျော်သက် သားဖြစ်သူဘက် အမြင်တွေကိုပါ ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ Zodiac, Prince of Persia စတဲ့ ရုပ်ရှင်ကားတွေနဲ့ သရုပ်ဆောင်ထူးချွန်ဆုတွေ အများကြီး ရရှိထားတဲ့ အမေရိကန်သရုပ်ဆောင်မင်းသား Jake Gyllenhaal နဲ့အတူ နာမည်ကြီး ဗြိတိန်သရုပ်ဆောင်မင်းသမီး Carey Mullingan၊ သြစတြေးလျ ဆယ်ကျော်သက် သရုပ်ဆောင် Ed Oxenbould တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီး ရုပ်ရှင်ပွဲတော်တွေဖြစ်တဲ့ Sundance Film Festival, Cannes Film Festival, Newyork Film Festival စတဲ့ ရုပ်ရှင်ပွဲတော်တွေမှာ ပြသခဲ့ပြီး ချီးကျူးအားပေးမှုတွေ အများကြီး ရရှိထားတာပါ။ IMDb မှာလည်း ဒီရုပ်ရှင်ကားဟာ Rating 7 ထိ ရရှိထားတာဖြစ်ပါတယ်။

ကြာမြင့်ချိန် ၁၀၄ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြောစကား ဒိုင်ယာလော့ဂ်တွေ၊ ပြကွင်းပြကွက်တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013