DVB Logo
Home
မြန်မာသတင်း
ရွှေလုပ်ငန်းရှင်များအသင်း အမှုဆောင် ၁ ဦးကို ဒေါ်လာရောင်းဝယ်မှုဖြင့် ဖမ်းဆီးအမှုဖွင့်
DVB
·
October 16, 2018
ရွှေလုပ်ငန်းရှင်များအသင်း အမှုဆောင် ၁ ဦးကို ဒေါ်လာရောင်းဝယ်မှုဖြင့် ဖမ်းဆီးအမှုဖွင့်
Donate to DVB

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အမှုဆောင်တဦးဖြစ်တဲ့ တွဲဖက်စာရင်းစစ် ဦးညီညီဦးကို  ဒေါ်လာရောင်းဝယ်မှုနဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ဒီနေ့ အမှုဖွင့်လိုက်ပါတယ်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မနဲ့ အမှုဖွင့်လိုက်တာဖြစ်တယ်လို့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ပြောခွင့်ရသူ ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။

“ပုဒ်မ ၄၂ ပါ။ ဗဟိုဘဏ်က ချမှတ်ပေးထားတဲ့ စည်းမျဉ်းစည်ကမ်းတွေကို မလိုက်နာလို့ပါ။ ဒါနဲ့ဆိုရင် ဒေါ်လာနဲ့ ပတ်သက်ပြီး အမှုဖွင့် ဖမ်းဆီးထားသူ ၆ ယောက်ရှိပါပြီ။ ဆက်ပြီးတော့ လည်း စစ်ဆေးနေတုန်းပါ”

ဦးညီညီဦးကို ဖမ်းဆီးထားပန်းပဲတန်းရဲစခန်းမှာ အမှုဖွင့်တာဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြည်တွင်းမှာ အမေရိရန် ဒေါ်လာဈေးတွေ ဆက်တိုက်တက်လာပြီးနောက်ပိုင်း ဗဟိုဘဏ်က ဒေါ်လာတွေထုတ်ရောင်းခဲ့ပေမယ့် ဆက်တက်နေလို့  သက်ဆိုင်ရာက အခုလို စစ်ဆေးတာ၊ အမှုဖွင့်တာတွေ လုပ်လာတာပါ။

စစ်ဆေးနေတယ်လို့ သတင်းစထွက်တုန်းက ဒေါ်လာဈေးအနည်းငယ် ပြန်ကျခဲ့ပေမယ့် ပြန်တက်လာခဲ့ပြီး ဒီနေ့မှာတော့ ပုဂ္ဂလိက ဘဏ်တွေက တဒေါ်လာကို ၁၅၈၃ ကျပ်အထိနဲ့ ပြန်ရောင်းနေကြတာတွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013