DVB Logo
Home
မြန်မာသတင်း
Water Bus တွံတေးနှင့် ရန်ကုန်မြစ်တွင်းခရီး ပြန်စတင်မည်
DVB
·
October 16, 2018
Water Bus တွံတေးနှင့် ရန်ကုန်မြစ်တွင်းခရီး ပြန်စတင်မည်
Donate to DVB

ရန်ကုန် Water Busက  တွံတေးခရီးစဉ်နဲ့ မြစ်တွင်းနေ၀င်ချိန်ကြည့် ခရီးစဉ်တွေကို လာမယ့် အောက်တိုဘာ ၂၁ ရက် တနင်္ဂနွေနေ့ကစပြီး ပြန်လည် ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။

တွံတေးခရီးစဉ်ကို ရန်ကုန်၊ ဗိုလ်တထောင်ဆိပ်ကမ်းကနေ မနက် ၉နာရီမှာ စတင်ထွက်ခွာမှာဖြစ်ပြီး မွန်းလွဲ ၂နာရီခွဲမှာ ခရီးစဉ်ပြီးဆုံးမယ့် ၅နာရီခွဲကြာခရီး ဖြစ်ပါတယ်။

လက်မှတ်ခ တဦးကို နိုင်ငံသားကျပ် ၇၀၀၀၊ နိုင်ငံခြားသား အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာပေးရမှာဖြစ်ပြီး  တွံတေးမြို့ပေါ်လည်ပတ်မယ့် ကားခပါ ပါဝင်ပါတယ်။

ရန်ကုန်မြစ်အတွင်း နေ၀င်ချိန်ကြည့်ခရီးကို ညနေ ၅ နာရီကနေ ၆ နာရီခွဲအထိ ပြေးဆွဲ ပေးမှာဖြစ်ပြီ နိုင်ငံသားတဦးလျင် ကျပ် ၃၀၀၀  နိုင်ငံခြားသားက ၅ ဒေါ်လာ ဖြစ်ပါတယ်။

ခရီးစဉ်တွေကို အသစ်ထပ်မံရောက်ရှိလာတဲ့ သင်္ဘောတွေနဲ့ ပြေးဆွဲမှာဖြစ်တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ထားပြီး လက်မှတ်ဝယ်ယူလို သူတွေ အနေနဲ့  YWB page messenger၊၊Viber : ၀၉ ၉၇၄၅၄၅၄၅၇ တို့ကနေ ကြိုတင် ၀ယ်ယူနိုင်ကြပါတယ်။

ရန်ကုန်-တွံတေးခရီးနဲ့ ရန်ကုန်မြစ်တွင်း နေ၀င်ချိန်ကြည့်ခရီးတွေကို အပတ်စဉ် ပြေးဆွဲ ပေးမှာဖြစ်ပြီး တွံတေးမြို့ခရီးမှာ တွံတေးရဲ့ နာမည်ကျော် အိုးလုပ်ငန်းလေ့လာရေးခရီးနဲ့ တွံတေးရွှေဆံတော်ဘုရာဖူးအစီအစဉ်တို့ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013