DVB Logo
Home
မြန်မာသတင်း
ယာဉ်ကြောဆိုင်ရာ အသေးစားစီမံကိန်း ဆူးလေမှတ်တိုင်တွင် စတင်
DVB
·
October 16, 2018
ယာဉ်ကြောဆိုင်ရာ အသေးစားစီမံကိန်း ဆူးလေမှတ်တိုင်တွင် စတင်
Donate to DVB

ရန်ကုန်မြို့လယ်၊ ဆူးလေမှတ်တိုင်မှာ စည်းကမ်းတကျ ဘတ်စ်ကားတွေ ရပ်တန့်နိုင်အောင်နဲ့ ယာဉ်ကြောပိတ်ဆို့မှု လျော့ချနိုင်အောင်ရည်ရွယ်ပြီး ယာဉ်ကြောဆိုင်ရာ အသေးစား စီမံကိန်းတခုကို ဒီကနေ့ စတင်လိုက်ပါတယ်။

ဘတ်စ်ကားတွေဟာ လူအဆင်းနေရာမှာလူချပေးပြီးရင် ခရီးသည်တင်ရမယ့် သတ်မှတ်နေရာမှာသာ ခရီးသည်တင်ဆောင်ရမှာပါ။ အဲဒီလို ယာဉ်ကြောသတ်မှတ်ချက်နဲ့ မှတ်တိုင်တွေကိုလည်း တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။

ဆူးလေမှတ်တိုင်ဟာ ဘတ်စ်ယာဉ်လိုင်း ၅ လိုင်းကျော် ပြေးဆွဲရောက်ရှိတဲ့ မှတ်တိုင်ဖြစ်ပြီးတော့ နေ့စဉ်တစ်နာရီအတွင်း ဘတ်စ်ကားအစီးရေ  ၁၀၀ ကျော် ရပ်တန့်တဲ့ မှတ်တိုင်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုသတ်မှတ်ချက်နဲ့ ရပ်တန့်ရမယ့်မှတ်တိုင်တွေထပ်မံတိုးချဲ့ဖို့ရှိတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တာဝန်ရှိသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013