DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံဘက် စပါးတိုက်ရိုက်ဝယ်ယူနေသဖြင့် စပါးဈေးမြင့်တက်လာ
DVB
·
October 15, 2018
တရုတ်နိုင်ငံဘက် စပါးတိုက်ရိုက်ဝယ်ယူနေသဖြင့် စပါးဈေးမြင့်တက်လာ
Donate to DVB

တရုတ်နိုင်ငံဘက်ကနေ  စပါးတိုက်ရိုက်ဝယ်ယူနေတဲ့အပေါ် အစိုးရက တားဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်းဝင်တဦးက ပြောပါတယ်။

မြန်မာနိုင်ငံက ထွက်တဲ့စပါးကို  အစိုးရက ကုန်ကြမ်းအနေနဲ့ ပြည်ပကိုတင်ပို့ခွင့် ပိတ်ပင် ထားပေမယ့် အခုနှစ်စပါးပေါ်ချိန်မှာ တရုတ်ကုန်သည်တွေက ဈေးမြှင့်ပေးပြီး တရုတ်နိုင်ငံကို သယ်ယူနေတာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ဝယ်ယူမှုကြောင့် စပါးဦးပေါ်ချိန်မှာတောင် အနိမ့်ဆုံးစပါးဈေး ကျပ်၅ သိန်း သတ်မှတ်ထားပေမယ့် လက်ရှိအချိန်မှာတော့ တင်းတစ်ရာကို ၆ သိန်းနဲ့တောင် ၀ယ်မရဖြစ်နေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံကို စပါးမှောင်ခိုတင်သွင်းနေတဲ့အတွက် ဆန်စက်ပိုင်ရှင်တွေနဲ့ အလုပ်သမား တွေ အလုပ်လက်မဲ့ဖြစ်လာနိုင်သလို တိရိစ္ဆာန်အစာအတွက်လည်း အခက်အခဲဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံဆန်ကုန်သည်များအသင်းကပြောပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုဥက္ကဋ္ဌ ဦးရဲမင်းအောင်က “တရုတ်-မြန်မာနယ်စပ် အောက်လမ်းကနေ ဆန်တင်ပို့မှုကို နှစ်နိုင်ငံကုန်သည်တွေအကြား နားလည်မှုနဲ့ တရုတ်နိုင်ငံက ခွင့်ပြုထားတာဖြစ်ပြီး  တရားဝင်ခွင့်ပြုထားတာ မရှိဘူးလို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့တော့ စပါးကို ကုန်ကြမ်း အတိုင်း ပြည်ပကို တင်ပို့ခွင့်မပြုထားဘူးလို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စပါးကိုတိုင်းနဲ့ပြည်နယ်တွေအားလုံးကို အတားဆီးမရှိ သယ်ယူခွင့် ပေးထားတာပါ။ အဲ့ဒါကြောင့် ရရင်ရသလို တရုတ်နိုင်ငံဘက်ကို တင်သွင်းနေတာလို့ မူဆယ် ဆန်စပါးကုန်စည်ဒိုင်ဒုဥက္ကဋ္ဌ ဦးချမ်းသာဦးက ပြောဆိုထားပါတယ်။

ပြည်ပကို စပါးလိုက်တင်သွင်းနေတဲ့အပေါ် အစိုးရနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ညှိနှိုင်းပြီး ဥပဒေတစ်ခုပြဋ္ဌာန်းမှတားဆီးနိုင်မယ်လို့ မြန်မာနိုင်ငံဆန်ကုန်သည်များအသင်းက ပြောပါတယ်။

မြန်မာနိုင်ငံကစပါးတွေ တရုတ်နိုင်ငံကိုတင်သွင်းနေတဲ့အပေါ် တားဆီးနေတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းကစကာ မှောင်ခိုလမ်းကြောင်းတွေကို တရုတ်ဘက်က မြေတူးစက်တွေနဲ့ မြောင်းတူးပြီး ပိတ်ဆို့ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဘက်က ဆန်ကုန်သည်တွေဟာ တရုတ်နိုင်ငံကို ဆန်တင်ပို့တဲ့အခါ အခွန်အခသက်သာတဲ့ မှောင်ခိုလမ်းကြောင်းက အများဆုံးတင်ပို့တာဖြစ်ပြီး အဲဒီလမ်းတွေ ပိတ်ထားတဲ့ အတွက် ဆန်တင်ပို့မှုရပ်နားထားရတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013