DVB Logo
Home
မြန်မာသတင်း
ပြည်ပအလုပ်အကိုင်ရရှိမှု တိုးတက်လာပြီး ပြည်တွင်းအလုပ်အကိုင်ရရှိမှု လျော့နည်းလာ
DVB
·
October 15, 2018
ပြည်ပအလုပ်အကိုင်ရရှိမှု တိုးတက်လာပြီး ပြည်တွင်းအလုပ်အကိုင်ရရှိမှု လျော့နည်းလာ
Donate to DVB

ပြည်ပ ထွက်ခွာအလုပ်အကိုင်ရရှိမှုဟာ အခုနှစ် ဇန်နဝါရီကနေ သြဂုတ်လအထိ ၈ လကာလအတွင်း မနှစ်က တနှစ်လုံးစာ နီးပါးလောက်ရှိနေပြီး တိုးတက်လာတယ်လို့  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပြည်ပထွက်ခွာပြီး အလုပ်အကိုင်ရရှိသူဦးရေမှာတော့ မနှစ်က ၈ လအတွင်း ၁၀၄,၃၃၀ ယောက်ရှိခဲ့ပြီး အခုနှစ်မှာတော့ ၁၅၀,၆၁၈ ယောက်အထိ တိုးလာပါတယ်။

ပြည်တွင်းအလုပ်အကိုင်ရရှိမှုကတော့ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် တော်တော်လေး နည်းပါးနေတာတွေ့ရပါတယ်။ မနှစ်က ဇန်နဝါရီကနေ သြဂုတ်လအထိ ပြည်တွင်းမှာ အလုပ်အကိုင်ရရှိသူ ၁၁၈,၀၀၃ ယောက်ရှိခဲ့ပေမယ့် ဒီနှစ် ၈ လအတွင်းမှာတော့ ၁၅၆,၆၂၄ ယောက်ရှိနေတာပါ

၂၀၁၇ ခုနှစ် တနှစ်လုံးမှာ ပြည်တွင်း အလုပ်အကိုင်ရရှိတာ ၂၀၃,၂၄၈ ရှိပြီး ပြည်ပကိုတော့ ၁၆၁,၈၉၇ ယောက် ထွက်ခွာခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒီနှစ် ၈ လအတွင်း ပြည်ပကို ထွက်ခွာတာဟာ မနှစ်က တနှစ်လုံးနီးပါးရှိနေပြီး ပြည်တွင်း အလုပ်အကိုင်ရတာကတော့ သိသိသာသာ နည်းနေသေးတာကို တွေ့ရပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက် အစိုးရအလုပ်အကိုင်မှာရော ပုဂ္ဂလိက အလုပ်မှာပါ ရန်ကုန်တိုင်းထဲမှာ အလုပ်ရသူ အများဆုံးဖြစ်ပြီး ချင်းပြည်နယ်ကတော့ အနည်းဆုံးဖြစ်ပါတယ်။

ရန်ကုန်တိုင်းမှာ အလုပ်ရကြတာဟာ ယေဘုယျအားဖြင့် တနိုင်ငံလုံး စုစုပေါင်း အလုပ်အကိုင်အရေအတွက်ရဲ့ သုံးပုံနှစ်ပုံ ရှိနေတာကို တွေ့ရပါတယ်။

ပြည်ပနိုင်ငံတွေမှာ ထိုင်းနိုင်ငံကို အများဆုံး ထွက်ခွာကြပြီး ဒုတိယ အများဆုံး အလုပ်ရရှိတာကတော့ မလေးရှားမှာ ဖြစ်ပါတယ်။ နောက် နိုင်ငံတွေကတော့ ကိုရီးယား၊ ဂျပန်၊ စင်္ကာပူ၊ ယူအေအီးနဲ့ ကာတာနိုင်ငံတို့ ဖြစ်ပါတယ်။

ဒီစာရင်းတွေဟာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ တရားဝင်အချက်အလက်တွေဖြစ်လို့ အလုပ်သမားမှတ်ပုံတင်မရှိဘဲ လုပ်ကိုင်နေသူတွေတော့ စာရင်းမှာ မပါဝင်ကြပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013