DVB Logo
Home
မြန်မာသတင်း
မလေးရှားနိုင်ငံတွင် မြေပြိုမှုဖြစ်ပွား၊ မြန်မာ ၃ ဦးသေဆုံး
DVB
·
October 15, 2018
မလေးရှားနိုင်ငံတွင် မြေပြိုမှုဖြစ်ပွား၊ မြန်မာ ၃ ဦးသေဆုံး
Donate to DVB

မလေးရှားနိုင်ငံမှာ ကင်မရွန်ကုန်းမြင့်ဒေသမှာ မြေပြိုမှုဖြစ်ပွားပြီး မြန်မာနိုင်ငံသား အသက် ၂၃နှစ်အရွယ် လင်မယားနှစ်ဦးအပါဝင် ၃ ဦးသေဆုံးသွားတယ်လို့ မလေးရှား သည်စတား သတင်းမှာ ဖော်ပြပါတယ်။

မလေးရှားနိုင်ငံ ပါဟန်းပြည်နယ် ကင်မရွန်ကုန်းမြင့်ဒေသ ကူလာတာလာမှာ  အောက်တိုဘာ ၁၄ ရက် မနက် ၃နာရီလောက်က စိုက်ပျိုးရေး လုပ်သား မြန်မာ ၃ ဦးဟာ တဲထဲမှာ အိပ်ပျော်နေစဉ်  မြေပြိုကျပြီး သေဆုံးသွားခဲ့တာလို့ ကင်မရွန်ရဲစခန်း လက်ထောက်ရဲဌာနမှူး အရှာရီအဗူ ဆာမာက ပြောပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျခဲ့တာဖြစ်တယ်။ အဆိုပါတဲဟာ လမ်းအောက် တောင်စောင်းရဲ့အောက်ခြေမှာ တရားမ၀င်ဆောက်လုပ်ထားတာဖြစ်တယ်။ မြေပြိုကျတဲ့ သတင်းကို မနက် ၁၀နာရီ မိနစ် ၄၀လောက်မှာ ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေး အဖွဲ့ကတွေက မနက် ၁၁နာရီခွဲမှာ အခင်းဖြစ်တဲ့နေရာကို ရောက်သွားတယ်လို့လည်း ပြောပါတယ်။

ရဲတပ်ဖွဲ့ ရောက်ရှိသွားချိန်မှာ သေဆုံးသွားသူတွေရဲ့ သူငယ်ချင်းက မြေအောက်မှာ ပိတ်မိနေသူ ၂ ဦးရဲ့ အလောင်းကို တူးဖော်ထားပြီး  နောက်တဦးကိုတော့ မွန်းလွဲ ၁နာရီ မိနစ် ၂၀ လောက်မှာ တူးဖော်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူ ၃ ဦးရဲ့ ရုပ်အလောင်းတွေကို တာနာရာတာမှာရှိတဲ့ ဆူလတန်ဟာဂျာကယ်လ်ဆွန် ဆေးရုံ ကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-The Star

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013