DVB Logo
Home
မြန်မာသတင်း
ဖုယွင် အထည်ချုပ်စက်ရုံက သပိတ်မှောက်အလုပ်သမားများ အကြမ်းဖက်ရိုက်နှက်ခံရ
DVB
·
October 15, 2018
ဖုယွင် အထည်ချုပ်စက်ရုံက သပိတ်မှောက်အလုပ်သမားများ အကြမ်းဖက်ရိုက်နှက်ခံရ
1 / 4
Donate to DVB

သပိတ်မှောက်နေတဲ့ ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို ကြေးစား လူမိုက်တွေက တုတ်၊ ဓား၊ လေးခွ လက်နက်တွေနဲ့ ဒီကနေ့ မနက်မှာ အကြမ်းဖက် ရိုက်နှက်ခဲ့လို့ အလုပ်သမား ၂၅ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိသွားပါတယ်။

ဖုယွင်စက်ရုံရဲ့ အလုပ်ရှင်ကနေ လူမိုက်တွေငှားပြီး မနက် ၉ နာရီလောက်က အလုပ်သမားသပိတ်ကို အကြမ်းဖက်ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ သပိတ်ဝန်းရံသူ ကိုမြတ်ကျော်က ပြောပါတယ်။

အကြမ်းဖက်အရိုက်ခံထားရတဲ့ အလုပ်သမားတွေကို စံပြဆေးရုံကို ပို့ထားတယ်လို့ အလုပ်သမားသပိတ်ဝန်းရံသူတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ နေ့လည် ၃ နာရီအချိန် ဒဂုံဆိပ်ကမ်း ဖုယွင် အလုပ်သမား သပိတ်စခန်းရှေ့မှာ အရေးပေါ် သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်သွားမယ်လို့ ဖုယွင် အလုပ်သမားသမဂ္ဂကပြောပါတယ်။

ရန်ကုန်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ နိုင်ငံခြားသားပိုင်  ဖုယွင်အထည်ချုပ်စက်ရုံမှာ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ အပါအဝင် အလုပ်သမားအယောက် ၃၀ ကို အကြောင်းမကြားဘဲ အလုပ်ထုတ်လိုက်တာနဲ့ ပတ်သက်ပြီး အလုပ်သမားတွေက ပြီးခဲ့တဲ့ သြဂုတ်လ ကတည်းက ဆန္ဒပြနေခဲ့ကြတာပါ။

ဒီပြဿနာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက အလုပ်ရှင်နဲ့ အလုပ်သမားတွေအကြား အကြိမ်ကြိမ်ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပေမယ့် ပြေလည်မှုမရရှိဘဲ အခုလိုအကြမ်းဖက်ရိုက်နှက်မှုတွေ ဖြစ်ပွားတဲ့အထိ အခြေအနေ ပိုမိုဆိုးရွားလာခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013