DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းအစိုးရဟောင်း ရန်ပုံငွေ ကျပ် ၅.၂ဘီလီယံ ပြန်လွှဲမပေးပါက အရေးယူမည်
DVB
·
October 15, 2018
ဧရာဝတီတိုင်းအစိုးရဟောင်း ရန်ပုံငွေ ကျပ် ၅.၂ဘီလီယံ ပြန်လွှဲမပေးပါက အရေးယူမည်
Donate to DVB

ယခင် ဧရာဝတီတိုင်းဒေသကြီးစိုးရဟောင်းက အစိုးရသစ်ထံမလွှဲခဲ့တဲ့ အစိုးရ ရန်ပုံငွေကျပ် ၅.၂ဘီလီယံကို ရက်ပေါင်း ၆၀ အတွင်းမပေးရင်  အရေးယူမယ်လို့ တိုင်းအစိုးရက ထုတ်ပြန်လိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် ခေါင်းဆောင်တဲ့ ယခင်ဧရာဝတီတိုင်းဒေသကြီးအစိုးရ က အစိုးရရန်ပုံငွေ ကျပ် ၅.၂ ဘီလီယံကို အစိုးရသစ်ကိုမလွှဲခဲ့ဘဲ တိုင်းအစိုးရ အဖွဲ့ဝင်ဟောင်းတွေ ဦးဆောင်တဲ့ ဧရာဝတီ ပညာရေး ကျန်းမာရေး ဘက်စုံဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကိုလွှဲခဲ့တာပါ။

အဲ့ဒီရန်ပုံငွေတွေနဲ့ပတ်သက်လို့ ရက်ပေါင်း ၆၀ အတွင်း အားလုံးပြန်ပေးဖို့နဲ့ မလိုက်နာရင် ဥပဒေအတိုင်းအရေးသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီးဦးဌေးဝင်းက ပြောပါတယ်။

ဖောင်ဒေးရှင်းအနေနဲ့ ဘဏ်မှာအပ်ထားတဲ့ငွေတွေကို အမြန်ဆုံးပေးဖို့ ကုမ္ပဏီတွေနဲ့ အကျိုးတူ ခေတ္တထုတ်ချေးထားတဲ့ငွေတွေကို ရက်ပေါင်း ၃၀ အတွင်းပေးဖို့၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ခေတ္တထုတ်ချေးထားတဲ့ငွေတွေကို ရက်ပေါင်း ၆၀ အတွင်းပေးဖို့ ဖောင်ဒေးရှင်ကို တောင်းဆိုထားပါတယ်။

သတ်မှတ်ထားတဲ့အတိုင်းမဆောင်ရွက်ရင် ဥပဒေအတိုင်း အရေးယူမယ်လို့လည်း ဖောင်ဒေးရှင်းကိုအကြောင်းကြားထားပြီဒ လာမယ့် ၁၉ ရက်နေ့မှာ အကြောင်းပြန်ဖို့နဲ့ သတ်မှတ်တဲ့ကာလကို လာမယ့် အောက်တိုဘာ ၁၉ ရက်နေ့က စတင်ရေတွက်သွားမယ်လို့ ဝန်ကြီးကပြောပါတယ်။

အစိုးရဟောင်းရန်ပုံငွေတွေနဲ့ ပတ်သက်ပြီး ဥပဒေအတိုင်းပြန်လည်တောင်းခံဖို့ သမ္မတရုံးက ဧရာဝတီတိုင်းဒေသကြီး အစိုးရကိုညွှန်ကြားထားတာဖြစ်ပြီး အစိုးရအနေနဲ့ ရန်ပုံငွေပြန်လည်လက်ခံရေးအဖွဲ့ဖွဲ့ကာရန်ပုံငွေရယူထားတဲ့ ဖောင်ဒေးရှင်းနဲ့ ညှိနှိုင်းခဲ့ပြီး ၃ လအကြာမှာ အခုလို ထုတ်ပြန်လိုက်တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013