DVB Logo
Home
မြန်မာသတင်း
နန်းမိုဟွမ်ကို ချွင်းချက်မရှိ လွတ်ငြိမ်းချမ်းသားခွင့်ပေးကြောင်း တီအန်အယ်အေ ကြေညာ
DVB
·
October 15, 2018
နန်းမိုဟွမ်ကို ချွင်းချက်မရှိ လွတ်ငြိမ်းချမ်းသားခွင့်ပေးကြောင်း တီအန်အယ်အေ ကြေညာ
Donate to DVB

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)အနေနဲ့ နန်းမိုဟွမ်ကို လွှတ်ငြိမ်းချမ်းသားခွင့်ပေးလိုက်ကြောင်း ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ရဲ့ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ FPNCC ရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှု၊ မဟာမိတ်အဖွဲ့အစည်းတွေရဲ့မေတ္တာရပ်ခံချက်နဲ့ တအာင်းနဲ့ ရှမ်းလူမျိုးတို့ရဲ့ ရေရှည်ချစ်ကြည်ရေးအတွက် နန်းမိုးဟွမ်ကို ချွင်းချက်မရှိ လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်ရဲ့ အကောက်ခွန်ဦးစီးဌာနက လုပ်ငန်းတာဝန် ထမ်းဆောင်နေစဉ် နန်းမိုဟွမ်ရဲ့ သတင်းပေးမှုကြောင့် တအာင်းတပ်ဖွဲ့ဝင် တဦးကျဆုံးပြီး တဦးဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။

ဒါကြောင့် တာဝန်ဝတ္တရားဆောင်ရွက်နေချိန် အလိုအလျှောက် အပြင်းအထန်နာကျင်စေမှု နဲ့ နန်းမိုဟွမ်ကိုရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၃ နဲ့ PSLF/TNLA ဗဟိုတရားရုံးက အောက်တိုဘာ ၅ ရက်က ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာပါ။

တီအန်အယ်လ်အေ တပ်ဖွဲ့ဝင် ၅ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက် မနက်ပိုင်းက  နမ်းခမ်းမြို့ ဟိုနောင်ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး ဆိုင်တဆိုင်ကို ဝင်ရောက် လာပြီး ဆိုင်ရှင်အမျိုးသမီး နန်းမိုဟွမ် (အသက် ၃၇ နှစ်) ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

ဖမ်းဆီးခံထားရတဲ့ နန်းမိုဟွမ်နဲ့ ပတ်သက်ပြီး မိသားစုဝင် တွေက ဆန္ဒပြ တောင်းဆိုခဲ့ကြသလို နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေကလည်း သူ့ကိုပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် နန်းမိုဟွမ်ကို  အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်း စိမ်ကိုထိပါးပြီး တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ မည်သည့်လုပ်ရပ်ကိုမဆို ပြင်းထန်စွာ ရှုတ်ချကြောင်း အမျိုးသားပြည်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနက စက်တင်ဘာ ၁၀ ရက်မှာ ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

နန်းမိုဟွမ်လွတ်မြောက်ရေးအတွက် မိသားစုဝင်နဲ့ နမ့်ခမ်းမြို့နယ် ရှမ်းလူမှုအသင်း အဖွဲ့အစည်း (၁၀)ဖွဲ့က ကိုယ်စားလှယ်(၄)ဦးနဲ့ တအာင်းတပ်ဖွဲ့က ကိုယ်စားလှယ်တို့ အောက်တိုဘာ ၉ ရက်က “ဝ” ပြည်နယ်၊ ပန်ခမ်းမြို့မှာ တိုက်ရိုက်ဆွေးနွေးခဲ့ပြီးနောက် ခုလို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013