DVB Logo
Home
မြန်မာသတင်း
လက်ပံတန်း မီးရထားနယ်မြေ၌ မြို့နယ် လက်ထောက်ပညာရေးမှူး၏ အလောင်းတွေ့ရှိ
DVB
·
October 15, 2018
လက်ပံတန်း မီးရထားနယ်မြေ၌ မြို့နယ် လက်ထောက်ပညာရေးမှူး၏ အလောင်းတွေ့ရှိ
Donate to DVB

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ မီးရထားနယ်မြေရှိ မီးရထားစက်ခေါင်းနဲ့ တွဲပြင်အလုပ်ရုံအနီးမှာ လက်ပံတန်းမြို့ မြို့နယ်ပညာရေးမှူးရုံးက လက်ထောက်ပညာရေးမှူး ဦးကျော်သန်းကို လည်ပင်းဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ရှိရတယ်လို့ ရထား တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အောက်တိုဘာ ၁၄ရက်  ည ၁၂ နာရီခန့်က လက်ပံတန်းဘူတာရုံလုံခြုံရေးဝန်ထမ်း  ဦးဝင်းဇော်က တွဲပြင်ရုံတောင်ဘက် ရေစက်အနီးမှာ လူတစ်ဦး သွေးထွက်ဒဏ်ရာတွေနဲ့ လဲကျနေတာကိုတွေ့ရှိ သတင်းပို့ခဲ့လို့ ရထားတပ်ဖွဲ့မှ ရဲတပ်ကြပ်မြင့်ဌေးနဲ့ တာဝန်ကျ တပ်ဖွဲ့ဝင်တွေက သွားရောက်ကြည့်ရှုရာ နံပါတ်မပါ Honda Blade 110 အနက်ရောင်ဆိုင်ကယ်အား ရပ်တန့်ထားလျက် အမျိုးသားတစ်ဦး ဆိုင်ကယ်ဘေးမှာ ပက်လက်အထားနဲ့ ဝဲဘက်လည်ပင်းမှာ ပြတ်ရှဒဏ်ရာရပြီး  သေဆုံးနေတာကိုတွေ့ခဲ့ရတာပါ။

သေဆုံးသူအနီးမှာ နိုင်ငံသားစိစစ်ရေးကတ်နဲ့ ယာဉ်မောင်းလိုင်စင်တို့အား တွေ့ရှိရလို့  သေဆုံးသူဟာ လက်ပံတန်းမြို့နယ် ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးကျော်သန်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒီအမှုရဲ့လက်သည် တရားခံဘယ်သူဆိုတာတော့ မသိရသေးဘဲ တရားခံကိုအမြန်ဆုံး ဖမ်းမိနိုင်ရန်ဖို့အတွက် မြို့မရဲစခန်းက တာဝန်ရှိသူတွေနဲ့ ရထားတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒီသေဆုံးမှုကို လက်ပံတန်းမြို့မရဲစခန်းမှာ အမှတ် ၁၉ ရထားရဲတပ်ဖွဲ့ တပ်စု၂ မှ မှုခင်းကျဆင်းရေးအဖွဲ့ ခေါင်းဆောင် ရဲတပ်ကြပ်မြင့်ဌေးက တရားလိုပြုလုပ်အမှုဖွင့်ကာ ရာဇ သတ်ကြီးပုဒ်မ ၃၀၂နဲ့  အရေးယူဆောင်ရွက်နေပါတယ်။

သတင်း - ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013