DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ရေမဆေးသမား လူငယ် ၁ဦး သေနတ်ထိမှန်
DVB
·
October 15, 2018
ဖားကန့်တွင် ရေမဆေးသမား လူငယ် ၁ဦး သေနတ်ထိမှန်
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းကြီးကျေးရွာအနီး ကောင်းဆုရတနာ ကျောက်စိမ်းလုပ်ကွက်မှာ ဒီနေ့ မနက် ၈ နာရီ ၁၅ မိနစ်လောက်က ကျောက်စိမ်း ဝင်ရောက်ရှာဖွေဖို့ ကြိုးစားတဲ့ ရေမဆေးသမားတွေကို လုံခြုံရေးရဲတွေက ပစ်ခတ်တားဆီးရာမှ ရေမဆေးသမားတဦး သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ တယ်လို့ သိရပါတယ်။

ဒဏ်ရာရှိသူဟာ မော်မောင်းဘွမ် ကျေးရွာက ဦးယောထုံရဲ့သား ဝခေါင်နွန်း အသက်(၁၉) နှစ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက “သေနတ်ထိမှန်သူ ဝခေါင်နွန်းဟာ ပေါင်မှာ သေနတ်ထိမှန်ပြီး ခြေကျင်းဝတ်မှာ ကျောက်ခဲစတွေ ထိမှန်ခဲ့တယ်”လို့ အတည်ပြု ပြောပါတယ်။

အခြားရေမဆေးသမားတွေကို ထိခိုက်ဒဏ်ရာရှိတာ မရှိဘူးလို့လည်း မျက်မြင်တွေ့ရှိ သူတွေက ပြောပါတယ်။

သေနတ်ထိမှန်သူကို ဖားကန့်ဆေးရုံကနေ မြစ်ကြီးနားဆေးရုံကို ကုမ္ပဏီက တာဝန်ယူ ပို့ဆောင်ပေးဖို့ ပြင်ဆင်နေတယ်လို့လည်း ကုမ္ပဏီတာဝန်ခံထံက သိရပါတယ်။

သတင်း - ဇော်မိုးထက်( ဖားကန့် )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013