DVB Logo
Home
မြန်မာသတင်း
မြန်မာနယ်စပ်ချင်းရိုင်တွင် စိတ်ကြွဆေးပြား၂၂ သန်းနှင့် အိုက်စ်မူးယစ်ဆေးများဖမ်းမိ
DVB
·
October 15, 2018
မြန်မာနယ်စပ်ချင်းရိုင်တွင် စိတ်ကြွဆေးပြား၂၂ သန်းနှင့် အိုက်စ်မူးယစ်ဆေးများဖမ်းမိ
1 / 3
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင်၊ ရွှေတြိဂံဒေသ နေရာ ၂ ခုမှာ စိတ်ကြွရူးသွပ်ဆေးပြား ၂၂ သန်းနဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၁၀၀ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့  ထိုင်းရဲတပ်ဖွဲ့ က ပြောပါတယ်။

အဆိုပါ မူးယစ်ဆေးတွေထဲက စိတ်ကြွဆေးပြား ၁၂ သန်းနဲ့ အိုက်စ် ၁၀ ကီလိုကို  အောက်တိုဘာ ၁၃ ရက်ညက ကျိန်းခေါင်မြို့နယ်မှာ လူ ၃ ဦး ထံမှလည်းကောင်း ၊ ၁၀ သန်းကိုတော့ အောက်တိုဘာ ၁၄ ရက်မှာ  မဲ့လောင်းမြို့နယ်တွင်းရှိ လယ်ကွင်းထဲမှာ ပိုင်ရှင်မဲ ဖမ်းဆီးရမိတာလို့ ထိုင်းရဲဌာနချုပ်မှ ဒုရဲမှူးကြီး ပန်ချား ပန်းဘရဒစ်က မီဒီယာကို ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက်ညက နယ်မြေထဲ မူးယစ်ဆေးဝါးသယ်ဆောင်လာမယ်လို့ ကြိုတင်သတင်းအရ တာဝန်ရှိသူတွေဟာ ကျိန်းခေါင်မြို့နယ်၊ ဆထန်အုပ်စု၊ ဖဲန်ရပ်ကွက်တွင်း စောင့်ကြပ်စစ်ဆေးစဉ် မသင်္ကာဘွယ် အနီရောင် တိုယိုတာ ဟိုင်းလပ် ၁ စီး၊ ငွေရောင်တိုယိုတာ ကား ၁ စီး နဲ့ ငွေရောင် အီဇူးဇူးကား ၁ စီးတို့ဟာ လမ်းဘေးမှာ ခနရပ်နားတာ တွေ့ရကြောင်း၊ တာဝန်ရှိသူတွေက အဆိုပါကားတွေအနောက်က လိုက်လာပြီး တနေရာ အရောက် ယာဉ်ကို ရပ်ခိုင်းပြီး ရှာဖွေစစ်ဆေးမှုပြုခဲ့ကြောင်း၊ ကား ၂ စီးပေါ်ရှိ အိတ်ပေါင်း ၃၀ မှ စိတ်ကြွဆေး ၁၂ သန်းနဲ့ အိုက်စ် ၁၀၀ ကီလိုဂရမ်ပါ အထုတ် ၂ ထုတ်ကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

ဒီပတ်သက်ပြီး ကားပေါ်က ထိုင်းနိုင်ငံသား မုန့်တိုင်းရင်းသား ၃ ဦးကို ဖမ်းဆီးထားပြီး ၁ ဦးကတော့ ထွက်ပြေးလွတ်မြောက်နေကြောင်း၊ သူတို့ဟာ အဲဒီမူးယစ်ဆေး တွေကို အငှါး သယ်ဆောင်ပေးသူတွေသာဖြစ်တယ်လို့ ၀န်ခံထားပြီး ကွင်းဆက်တွေ ထပ်မံစုံ စမ်းစ စ်ဆေးနေ တယ်လို့  ဒုရဲမှူးကြီးက ပြောပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ ချင်းရိုင်ခရိုင်၊ မဲ့လောင်းမြို့နယ်၊ ဘန့်လောင်းဆာလားရွာရှိ လယ်ကွင်းအနီးကိုင်းတောထဲမှာ မသင်္ကာဖွယ် အိတ်တွေ အများကြီး လာပစ်ထားတာတွေ့ရကြောင်း ရွာသားတွေက အကြောင်းကြားလို့ တာဝန်ရှိ သူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့ရာမှာ အိတ်အလုံးပေါင်း ၅၀ ကို တွေ့ရှိရပြီး အထဲမှာ အိတ်တစ်အိတ်ကို စိတ်ကြွဆေး ၂ သောင်းပါဝင်ကာ စိတ်ကြွဆေး စုစုပေါင်း အလုံးရေ ၁၀ သန်း ထပ်မံဖမ်းဆီးရ မိတယ်လို့  အမှတ် ၅ တိုင်းရဲဌာန ချုပ်မှ ရဲမှူး မွန်းဒရီး ဆန်ဘွန်းနတ်က ပြောပါတယ်။

မူးယစ်ဆေးဝါးတွေ့ရှိတဲ့ ကိုင်းတောနဲ့ မီတာ ၃၀၀ အကွာရှိ စစ်ဆေးရေးဂိတ်တခု ၊ တာဝန်ရှိသူတွေမှ စစ်ဆေးစောင့်ကြပ်နေတာတွေ့ရလို့ မူးယစ်ဆေးဝါးသယ်ဆောင် သူတွေက အထုတ်တွေကို ပစ်ချပြီး ကိုယ်လွတ်ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်လို့  ရဲမှူး မွန်းဒရီးက ပြောပါတယ်။

ကိုးကား - ထိုင်းရတ် ၊ မန်နေဂျာအွန်လိုင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013