DVB Logo
Home
မြန်မာသတင်း
နိုင်ငံတ၀န်း လယ်ဧက ၆ သိန်းကျော် ရေမြုပ်
DVB
·
August 20, 2012
နိုင်ငံတ၀န်း လယ်ဧက ၆ သိန်းကျော် ရေမြုပ်
1 / 5
Donate to DVB

နိုင်ငံတ၀န်း ရေကြီးရေလွှမ်းမိုးမှုကြောင့် လယ်မြေဧက ၆ သိန်းကျော် ရေနစ်မြုပ်နေပြီး လယ်ပြန်စိုက်ဖို့ မျိုးစပါးတွေ အဓိက လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းချုပ် တာဝန်ရှိသူတဦးက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံတနိုင်ငံလုံးမှာ  မိုးစပါးစိုက်ဧကပေါင်း ၁၃ သန်းလောက် ရှိတဲ့အနက်  အခုရေမြုပ်နေတဲ့ လယ်မြေဧကပေါင်းက ၆ သိန်းကျော်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းချုပ် ဗဟိုအလုပ်အမှုဆောင်  ဒေါက်တာစိုးထွန်းက ပြောပါတယ်။

[caption id="attachment_29497" align="alignleft" width="300" caption="ရေဘေးဒုက္ခသည်များအား ဆန်နှင့် အသုံးအဆောင်ပစ္စည်းများလှူဒါန်းနေစဉ်"][/caption]

“အားလုံးပေါင်း စုစုပေါင်းဧက ၆ သိန်းကျော်ပဲ။ တနိုင်ငံလုံးပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသာင်္ရီတိုင်း၊ ရှမ်းပြည်နယ်ရော။ လယ်က ရေမြုပ်တာ ၆ သိန်းကျော်ဆိုပေမယ့် တချို့က ရေပြန်ကျသွားရင် ထိခိုက်မှုမရှိဘူး။ ၂ ပတ်လောက် အတွင်း ရေကျရင်တော့ ပြဿနာ မရှိဘူး။ ၂ ပတ်ကျော်သွားရင်တော့ ထိခိုက်ပျက်စီးမှု ရှိနိုင်တယ်။ လက်ရှိအနေအထားအရဆိုရင်တော့ ဧရာဝတီတိုင်းမှာ မနေ့ကထိ ပျက်စီးမှုက ၅ သောင်းကျော်၊ ၆ သောင်းနီးပါးလောက်ရှိတယ်။ ဒါကလည်း တချက်တော့ စောင့်ကြည့်ရမယ်၊ ရေကျသွားရင်တော့ မထိခိုက်ဘူး။ ရေတက်တုန်းပဲ ဆိုရင်တော့ ထိခိုက်နိုင်တယ်။”

ဧရာဝတီတိုင်းမှာ လယ်ရေနစ်မြုပ်မှုဟာ ၄ နှစ်တာကာလအတွင်း အဆိုးဆုံးဖြစ်ပြီး ရေမြုပ်လယ်မြေတွေ အတွက် မျိုးစပါးတွေ အဓိက လိုအပ်နေတယ်လို့ လည်း ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ဆန်စပါးလုပ်ငန်းအသင်း တာဝန်ရှိသူတွေဟာ ဩဂုတ် ၁၉ ရက်မှာ ဧရာဝတီတိုင်းထဲက ပုသိမ်၊ ကန်ကြီးထောင့်နဲ့ ဒါးကမြို့နယ်တွေထဲ သွားရောက်ခဲ့ကြပြီး မျိုးစပါးတင်း ၃ သောင်းနဲ့ ငွေကျပ်သိန်း ၂၀၀ လှူဒါန်းခဲ့ကြပါ တယ်။

ဒီခရီးအတွင်း တွေ့ရှိခဲ့ရတဲ့ ရေဘေးသင့်ပြည်သူတွေရဲ့ အခက်အခဲတွေကိုလည်း ဒေါက်တာစိုးထွန်းက ခုလို ပြောပြပါတယ်။

[caption id="attachment_29498" align="alignright" width="300" caption="ရေဘေးဒုက္ခသည်များအား ဆန်လှူဒါန်းနေစဉ်"][/caption]

“ကယ်ဆယ်ရေးစခန်းတွေကတော့ WFP (ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့) ကတော့ ၂ ပတ်စာ ဆန်နဲ့ဆီ လှူမယ်လို့တော့ ပြောတယ်။ လက်ရှိစားဖို့ အခက်အခဲရှိနေတယ်။ တချို့စခန်း လူများတဲ့အခါကျတော့ နေ့တိုင်း ထမင်းဝေတာ မရတာရှိတယ်။ ၂ ရက် တခါမှရတာ များနေတယ်။ ရတဲ့အခါလည်း ကလေးတွေက ဘာပြဿနာ ရှိနေလဲဆိုတော့ စားတဲ့ထမင်းက အာလူးပါရင်ပါ မပါလည်း ငရုတ်သီးကြော်နဲ့ဆိုတော့။ နောက် အိမ်သာမလုံလောက်ဘူး။ မနေ့ကတော့ ကျနော်တို့လှူခဲ့တဲ့ ပိုက်ဆံကို အိမ်သာဆောက်ဖို့ တိုက်တွန်းတယ်။ စခန်းထဲမှာ လူက ၄၀၀၊ ၅၀၀ ရှိတယ်။ အိမ်သာက ၂ လုံးလောက်ပဲ ဖြစ်နေတယ်။”
ဧရာဝတီတိုင်းအတွင်း ကြုံတွေ့နေရတဲ့ ရေဘေးအတွက် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို တိုင်းအစိုးရအနေနဲ့ ချက်ချင်းလုပ်ဆောင်ပေးဖို့ ကျင်းပနေတဲ့ တိုင်းလွှတ်တော်က တိုက်တွန်းထားပြီး တိုင်းအစိုးရကလည်း သဘာဝဘေး အရေးပေါ် ရန်ပုံငွေထောက်ပံ့ပေးဖို့ ပြည်ထောင်စုအစိုးရထံ တင်ပြသွားမယ်လို့ စုံစမ်းသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013