DVB Logo
Home
မြန်မာသတင်း
မင်းတုန်းမင်း နတ်ပြည်စံသက် (၁၄၀)နှစ်ပြည့်ပွဲ ကျင်းပ
DVB
·
October 15, 2018
မင်းတုန်းမင်း နတ်ပြည်စံသက် (၁၄၀)နှစ်ပြည့်ပွဲ ကျင်းပ
1 / 10
Donate to DVB

ရတနာပုံမန္တလေးမြို့တည်နန်းတည်ခဲ့တဲ့ မင်းတုန်းမင်းကြီး နတ်ရွာစံခြင်း ၁၄၀ နှစ်ပြည့် ဆွမ်းဆက်ကပ်ခြင်းနဲ့ ဆွေတော်မျိုးတော်သက်ကြီးပူဇော်ပွဲကို ဒီနေ့ မနက်က မန္တလေးနန်းတွင်း မြနန်းစံကျော်ရွှေနန်းတော်မှာ ကျင်းပပါတယ်။

မင်းတုန်းမင်းရဲ့ တီတော် ဦးထိပ်တင်အောင်က ''သူ့ကျွန်ဘ၀ရောက်ပြီး နောက်ပိုင်း ကာလတွေမှာ မင်းတုန်းမင်းကြီးရဲ့ မတကဘတ်ဆွမ်းဆက်ကပ်ခြင်းကို နန်းတော်တွင်းမှ ကျင်းပခွင့်မရခဲ့ဘူး၊ ၂၀၁၅ခုနှစ်မှ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီးရှိ မင်းတုန်းမင်း ကုသိုလ်ဖြစ်သော ကျွန်းကျောင်းတော်ကြီးမှာ မတကဘတ်ဆွမ်းဆက် ကပ်လှူဒါန်းမှု ပြန်လည် ဆောင်ရွက်နိုင်ခဲ့ပါတယ်”လို့ပြောပါတယ်။

ဆွမ်းကပ်လှူဒါန်းပွဲမှာ နိုင်ငံတော်သံဃမဟာနာယက ဗန်းမော်ဆရာတော်ဘုရားကြီး ဘန္ဒန္တ ကုမာရာဘိဝံသနဲ့  ဆရာတော် သံဃာတော်တွေထံမှ တရားနာယူကာ မင်းတုန်းမင်းကြီး အားရည်စူးအမျှပေးဝေခဲ့သလို ပင့်သံဃာတော်တွေကိုလည်း ဆွမ်းဆန်စိမ်း လောင်းလှူကြ ပါတယ်။

မွန်းလွဲပိုင်းမှာတော့ အသက် ၇၀နဲ့ အထက် သက်တော်ကြီး ဆွေတော်မျိုးတော်တွေကို ပူဇော်ကန်တော့ခဲ့ကြပါတယ်။

၁၈၈၆ခုနှစ်နောက်ပိုင်းမှာ မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်းခွင့်မရရှိခဲ့ဘဲ ၂၀၁၅ခုနှစ်မှာ ကုန်းဘောင်ဆက်မောင်နှမတွေရဲ့ စီစဉ်မှုနဲ့ ပြန်လည်ကျင်းပခွင့်ရရှိခဲ့ပါတယ်။

မန္တလေးမြနန်းစံကျော်ရွှေနန်းတော်ကြီးမှာ နှစ်ပေါင်း ၁၃၀ ကျော်အကြာ ၂၀၁၆ ခုနှစ်မှာ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။

သတင်း/ဓာတ်ပုံ- သော်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013