DVB Logo
Home
မြန်မာသတင်း
မြိုင်ကြီးငူဆရာတော်ကြီးကိုဆုံးရှုံးမှု တန်ဖိုးမဖြတ်နိုင်ဟု ဗိုလ်မှူးကြီး စောချစ်သူပြော
DVB
·
October 15, 2018
မြိုင်ကြီးငူဆရာတော်ကြီးကိုဆုံးရှုံးမှု တန်ဖိုးမဖြတ်နိုင်ဟု ဗိုလ်မှူးကြီး စောချစ်သူပြော
Donate to DVB

မြိုင်ကြီးငူဆရာတော်ကြီးကို ဆုံးရှုံးလိုက်ရတာ ကရင်တိုင်းရင်းသားထုကြီးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုကြီးဖြစ်တယ်လို့  ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်၊ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ က ပြောပါတယ်။

သက်တော် ၇၁ နှစ်၊ ၀ါတော် ၅၁ ၀ါရှိ မြိုင်ကြီးငူဆရာတော်ကြီးဦးသုဇနဟာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက အဆုပ်နဲ့ အသည်းရောဂါတွေကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆေးကု သမှုခံယူနေရာက အောက်တိုဘာ ၁၃ ရက် ည ၉ နာရီခန့်က ပျံလွန်တော်မူသွားခဲ့တာပါ။

နယ်ခြားစောင့်တပ်၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက “ဆရာတော်ကြီး ကို ဆုံးရှုံးလိုက်ရတာ ပြောမပြတတ်လောက်အောင် ၀မ်းနည်းတယ်။ ကျနော်တို့ ကရင် တိုင်းရင်းသားထုကြီးအတွက် ငြိမ်းချမ်းရေးလမ်းပြကြယ်ကြီး တန်းဖိုးမဖြတ်နိုင်တဲ့ဆုံးရှုံးမှုကြီး လိုပြောချင်တယ်။ ဆရာတော်ကြီးရဲ့နောက်ဆုံးခရီးကို အကောင်းဆုံးဖြစ်အောင် ကျနော်တို့ လုပ်သွားမယ်”လို့ ပြောပါတယ်။

ဆရာတော်ကြီး ရုပ်ကလပ်တော်ကို ထိုင်းနိုင်ငံမှတဆင့် လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသရှိ ဆရာတော်ကြီး သီတင်းသုံးရာစံကျောင်းကို ပြန်လည်ပင့်ဆောင်ရာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက အနီးကပ်လိုက်ပါပြီး ဖြတ်သန်းရာလမ်းတလျှောက် မြို့ပေါ်နဲ့ ဒေသခံကျေးရွာသူ၊ ကျေးရွာသားတွေက လမ်းဘေးဝဲယာ ဖူးမြော်ပူဇော်ကြသူတွေ များပြား ခဲ့ပါတယ်။

ဆရာတော်ကြီးရဲ့ ရုပ်ကလပ်တော်ထားရှိရေး၊ ရေရှည်တည်ထားကိုးကွယ်နိုင်ရေး အတွက် တိုက်အုပ်ဆရာတော်၊ သံဃာတော် အရှင်သူမြတ်၊ တိုင်းရင်းသား လက်နက်ကိုင် ညီအစ်ကိုတွေ ဆွေးနွေးဆောင်ရွက်သွားမယ် အစီအစဉ်ကို သတင်းထုတ်ပြန်ပေးသွားမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ဆရာတော်ဟာ ဗုဒ္ဓဘာသာ သာသနာထွန်းကားရေးအတွက် တောင်ပေါ်မြေပြန့် မကျန်လှည့်လည်ပြီး သာသနာတော်ပြန့်ပွားရေး ဆောင်ရွက်ခဲ့သလို  တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာတဲ့ ဒေသခံတိုင်းရင်းသား ၅၀၀၀ ကျော်ကို ကျွေးမွေးစောင့်ရှောက်ပေး ထားပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013