DVB Logo
Home
မြန်မာသတင်း
ဦးဝီရသူ သင်္ကန်းချွတ်၍ သေနတ်ကိုင်တိုက်ပွဲဝင်မည်
DVB
·
October 15, 2018
ဦးဝီရသူ သင်္ကန်းချွတ်၍ သေနတ်ကိုင်တိုက်ပွဲဝင်မည်
Donate to DVB

ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး  အနောက်အင်အားကြီးနိုင်ငံတွေက မြန်မာနိုင်ငံအပေါ် အာတူးပီ ဒါမှမဟုတ်  နိုင်ငံတကာရာဇ၀တ်မှုဆိုင်ရာ တရားရုံး (အိုင်စီစီ) တင်ဖို့ကြိုးစားပါက သင်္ကန်းချွတ်ပြီး လက်နက်ကိုင် တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားရေး ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။

"ဒီနိုင်ငံအတွက်ပတ်သက်ရင်၊  လိုအပ်လာရင် သင်္ကန်းချွတ်ပြီး သေနတ်ကိုင်ပစ်မယ်။ ရန်တွေအားလုံးကုန်မှ သင်္ကန်းပြန်ဝတ်မယ်။ လာခဲ့ပါ  အိုင်စီစီတို့ အာတူးပီတို့ ဝီရသူနဲ့ တွေ့သွားမယ်လို့"

ဒါ့အပြင် ဦးဝီရသူက မြန်မာနိုင်ငံသမိုင်းမှာ အမျိုးသားရေးနဲ့ပတ်သက်ပြီး လိုအပ်ပါက သင်္ကန်းချွတ်ပြီး သေနတ်ကိုင်ခဲ့တဲ့ အစဉ်အလာရှိခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်နဲ့ တပ်မတော်အပေါ် ဖိအားပေးစွက်ဖက်နေတဲ့ ပြည်ပနိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေကို ဆန့်ကျင်ရှုတ်ချပွဲကို အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းက ရန်ကုန်မှာ ကျင်းပပါတယ်။

အဆိုပါ ရှုတ်ချပွဲကို အမျိုးသားရေးအင်အားစုတွေနဲ့ တပ်မတော်ထောက်ခံသူ  အများအပြား တက်ရောက်ခဲ့ကြပြီး ရွှေဂုံတိုင်ရေခဲဆိုင်မှတ်တိုင်ကနေ မြို့တော်ခန်းမရှေ့အထိ စုဝေးလမ်းလျှောက်ခဲ့ပါတယ်။

မြို့တော်ခန်းမရှေ့မှာ ဆရာတော် ဦးဝီရသူအပါအဝင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ကိုဝင်းကိုကိုလတ်တို့က အမျိုးသားရေးနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ဟောပြောခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013