DVB Logo
Home
မြန်မာသတင်း
ဆည်တော်ကြီးရေလှောင်တမံ ရေလွှတ်၊ ကျေးရွာ ၅ ရွာ ရေလွတ်ရာ ပြောင်းရွှေ့
DVB
·
October 14, 2018
ဆည်တော်ကြီးရေလှောင်တမံ ရေလွှတ်၊ ကျေးရွာ ၅ ရွာ ရေလွတ်ရာ ပြောင်းရွှေ့
Donate to DVB

ဆည်တော်ကြီး ရေလှောင်တမံမှ ရေထုတ်လွှတ်ခဲ့တဲ့အတွက် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၅ ရွာ ရေလွတ်ရာကို ပြောင်းရွှေ့ထားရပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်းမှာ အောက်တိုဘာ ဒုတိယအပတ်ကစပြီး နေ့စဉ် မိုးရွာသွန်း ခဲ့တဲ့အတွက် ဆည်တော်ကြီး ရေလှောင်တမံ ရေပြည့်လာတာကြောင့် ရေပိုလွဲက ရေလျော့ချ တာဖြစ်ပြီး ဒေသခံတွေ ဘေးအန္တရာယ် မဖြစ်ပေါ်စေဖို့ အခုလို ပြောင်းရွှေ့ရတာ ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံး တိုင်းဒေသကြီး ဦးစီးမှူး ဦးအေးမင်းသူက ''မိုးများလို့ ဆည်တော်ကြီးရေလှောင်တမံက ရေပိုလွှဲက ရေလွှတ်လို့ မတ္တရာမြို့နယ်ထဲက ရွာတချို့ ရေဝင်တာပါ၊ ဆည်ရေလွှတ်နေတဲ့အချိန် ရေလွှတ်တဲ့ ရေ များလာခဲ့ရင်လည်း အန္တရာယ်ကင်းအောင် လက်ရှိ ရေဝင်တဲ့ရွာ ၅ ရွာကို ပြောင်းရွှေ့ပေး ထားပါတယ်၊ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရွှေ့ပြောင်းတဲ့ သဘောပါ'' လို့ ဒီဗွီဘီကို ပြောပါတယ်။

ရေထုတ်လွှတ်မှုကြောင့် မတ္တရာမြို့နယ်ရှိ သပြေချောင်း၊ ဝန်စု၊ ဝေါစု၊ အင်းတံခါး၊ အထက်တောင်ကိုင်း စတဲ့ ကျေးရွာ ၅ ရွာ ရေဝင်ရောက်ခဲ့ပြီး မတ္တရာ ခေတ္တရေဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၁၉၂ စု၊ လူဦးရေ ၈၆၂ ဦး ရွှေ့ပြောင်းခဲ့နေထိုင်နေပါတယ်။

မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံး နဲ့ မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးတို့ ပူးပေါင်းပြီး ခေတ္တရေဘေးရှောင် ပြည်သူ ၈၆၂ ဦးအတွက် ဆန်ဖိုးငွေ (၁၈၁၀၂၀၀) ကျပ်ကို အောက်တိုဘာ ၁၃ ရက် ညနေပိုင်းက ထောက်ပံ့ကူညီပေးခဲ့ပါတယ်။

မတ္တရာ ဒေသခံ ကိုကော်ကော်က ''မတ္တရာ-မိုးကုတ် ကားလမ်းပေါ် ရေမကျော်သေးပါဘူး၊ မြေနိမ့်ပိုင်းနေရာတချို့တော့ ရေဝင်နေတယ်။ ရေဝင်တဲ့နေရာက ပြည်သူတွကို ဘေးလွတ်ရာ ကို ရွှေ့ပြောင်းပေးထားပါတယ်။ ရုတ်တရက် ရေတက်လာရင် ကူညီကယ်ဆယ်နိုင်ဖို့ ပရဟိတ အဖွဲ့တွေ၊ လူမှုကူညီရေးအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့တွေ ချိတ်ဆက်ပြီး အသင့်ပြင်ဆင်ထား ပါတယ်။ ရေက ဆက်လက် ကျဆင်းနေတော့ စိုးရိမ်စရာမရှိသေးပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရဲ့ ဒီနေ့ မနက် ၆ နာရီ ထုတ်ပြန်ချက်မှာ ဆည်တော်ကြီး ရေလှောင်တမံရဲ့ လက်ရှိ ရေပြည့်အမှတ်က ၄၁၆ ပေ ၇ လက်မမှာ ရောက်ရှိနေပါတယ်။

အဲဒီ ရေလှောင်တမံ ရေပြည့်အမှတ်က ၄၁၉ ပေ ၅ လက်မ ဖြစ်ပါတယ်၊ အခု ဆည်တော်ကြီး ရေလှောင်တမံက ရေပြည့်ဖို့ ၃ ပေလောက်အလိုမှာ ရောက်ရှိနေတာပါ၊ ရေလှောင်တမံ ရေဆက်လက်ကျဆင်းနေတဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013