DVB Logo
Home
မြန်မာသတင်း
ရေယာဉ်များပေါ် ခြိမ်းခြောက်လုယက်မှု ရဲတပ်ဖွဲ့က အထူးစီမံချက်ဖြင့် လုံခြုံရေးစတင်
DVB
·
October 14, 2018
ရေယာဉ်များပေါ် ခြိမ်းခြောက်လုယက်မှု ရဲတပ်ဖွဲ့က အထူးစီမံချက်ဖြင့် လုံခြုံရေးစတင်
Donate to DVB

ပုသိမ်မြို့မှာ ညဘက် ဆိုက်ကပ်တဲ့ ရေယာဉ်တွေပေါ် အုပ်စုလိုက်တက်ရောက်ပြီး ခရီးသည်တွေဆီက ငွေ နဲ့ တန်ဖိုးရှိပစ္စည်းတွေကို ခြိမ်းခြောက်လုယူတာ၊ ခိုးယူတာတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် ရေကြောင်းရဲတပ်ဖွဲ့က မနေ့ညပိုင်းကစတင်ကာ အထူးစီမံချက်ချမှတ်ပြီး လုံခြုံရေးစတင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။.

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ကနေ တခြားမြို့နယ်တွေ၊ ကျေးရွာတွေ၊ ပြေးဆွဲနေတဲ့ ရေယာဉ်တွေဟာ ပုသိမ်ဆိပ်ကမ်းကို ဆိုက်ကပ်တဲ့အချိန်ဟာ ညဥ့်နက်ပိုင်းတွေ ဖြစ်နေ တာကြောင့် ညအိပ် ခရီးသည်တွေရဲ့ ပစ္စည်းတွေပျောက်ဆုံးတာ၊ ကားလက်မှတ်တွေ အတင်း ရောင်းချတာ၊ ကျပန်း အလုပ်သမားတွေက ပစ္စည်းထမ်းခ သယ်ခ အလုပ်သမားခ ဈေးတွေကို တန်တဆတောင်းခံနေတာ၊ ဆိုင်ကယ်တက္ကစီခတွေ ပိုတောင်းတာ၊ ဆိုင်ကယ်တက္ကစီ ဟန်ဆောင်ပြီး လုယက်မှုတွေ ကျူးလွန်တာ စတဲ့ ဒုစရိုက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် အခုလို လုပ်တာလို့ ရေကြောင်းရဲတပ်ဖွဲ့စု (ပုသိမ်) ဒုတပ်ဖွဲ့စုမှူးဒုရဲမှူးခင်ဇော်ဝင်းက ပြောပါတယ်။

`ခရီးသွားပြည်သူတွေနဲ့ မကြာခဏခိုက်ရန်ဖြစ်ပွားမှု ပစ္စည်းပျောက်ဆုံးမှုတွေ မကြာခဏဖြစ်ပွားနေတဲ့အတွက် ရေယာဉ်ပေါ်မှာ ဆိပ်ကမ်းနယ်မြေ ခိုးဆိုးလုနှိုက်မှုတွေ မဖြစ်အောင် ခရီးသွားပြည်သူတွေ စိတ်ချမ်းမြေ့စွာ လုံခြုံမှုရှိစွာ သွားနိုင်ရေးအတွက် လုံခြုံရေးကို စနစ်တကျချထားပြီး ပြည်သူ့ဝန်ဆောင်မှု့လုပ်ငန်းဆောင်ရွက်နေတာ” လို့ ပြောပါတယ်။

ဆိပ်ကမ်းလုံခြုံရေး ဆောင်ရွက်မှုကိုတော့ ရေကြောင်းရဲတပ်ဖွဲ့စု(ပုသိမ်)နဲ့အတူ ဧရာဝတီတိုင်းဒေသကြီး ရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ၊ ပုသိမ်မြို့နယ် ရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

လုံခြုံရေးစီမံချက်အရ အရင်က ပုသိမ်ဆိပ်ကမ်းကို ညဘက်ဝင်ရောက်တဲ့ ရေယာဉ်တွေ ဟာ ဆိပ်ကမ်း ၉ ခုမှာ ဆိုက်ကပ်ခဲ့ပေမယ့်လည်း အခုတော့ ရေကြောင်းရဲတပ်ဖွဲ့စု(ပုသိမ်) စခန်းနဲ့နီးတဲ့ မြေနုလမ်းတံတားနဲ့ ဈေးချောင်းလမ်းတံတားတွေမှာသာ ဆိုက်ကပ်စေတော့မှာ ဖြစ်ပြီး ရဲတပ်ဖွဲ့က ခရီးသည်တွေ လုံခြုံရေးအတွက်ဆောင်ရွက်ပေးတော့မယ်လို့ သိရပါတယ်။

အခုစီမံချက်ကို နေ့စဉ်လုပ်သွားမှာဖြစ်ပြီး ခရီးသည်တွေအနေနဲ့ ရေယာဉ်တွေပေါ် မှာ မိမိတို့ရဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေဖြစ်ပေါ်လာပါက ရေယာဉ်တာဝန်ရှိသူကတဆင့်ဖြစ်စေ၊ လူကိုယ်တိုင်တိုက်ရိုက်ဖြစ်စေ ရေကြောင်းရဲတပ်ဖွဲ့စု (ပုသိမ်) နဲ့ ရေယာဉ်များစနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှုကော်မတီတွေကို အကူအညီတောင်းခံနိုင်တယ်လို့ ရေကြောင်းရဲတပ်ဖွဲ့စု (ပုသိမ်) က ပြောပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013