DVB Logo
Home
မြန်မာသတင်း
ပြည်ထဲရေးဝန်ကြီး ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်
DVB
·
October 14, 2018
ပြည်ထဲရေးဝန်ကြီး ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်
Donate to DVB

ပြည်ထဲရေးဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ဟာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ဒီနေ့မနက်ပိုင်းက ထွက်ခွာသွားပြီး နှစ်နိုင်ငံကြား မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ Minister Counsellor Mr.Thanwa Phudphong နဲ့အတူ ဒီနေ့မနက်ပိုင်းက သွားရောက်ခဲ့တာလို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ခရီးစဉ်အတွင်း ထိုင်းဒုတိယဝန်ကြီးချုပ်/ တရားရေး ဝန်ကြီးဌာန၊ ဝန်ကြီး H.E.Air Chief Marshal. Prajin Juntong နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာစေရေး၊ မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ သတင်းဖလှယ်ရေး၊ လေ့လာရေးခရီး စေလွှတ်ရေး၊ နယ်စပ်ဆက်ဆံရေးရုံးများအကြား လျှင်မြန်စွာ ဆက်သွယ်ဆက်ဆံနိုင်ရေးကိစ္စ ရပ်များကို ဆွေးနွေးညှိနှိုင်းသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013