DVB Logo
Home
မြန်မာသတင်း
မြန်အောင်မြို့နယ်တွင် တောဆင်ရိုင်းများ ဝင်ရောက်မှုကြောင့် မောင်းထုတ်နေရ
DVB
·
October 14, 2018
မြန်အောင်မြို့နယ်တွင် တောဆင်ရိုင်းများ ဝင်ရောက်မှုကြောင့် မောင်းထုတ်နေရ
Donate to DVB

မြန်အောင်မြို့နယ်မှာ တောဆင်ရိုင်းတွေ ဝင်ရောက်လာတာကြောင့် ဆင်ယဉ်တွေနဲ့ မောင်းထုတ်နေပါတယ်။

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ထဲက မျှင်ဝါးတောင် သစ်တောကြိုးဝိုင်း အနီးမှာ တောဆင်ရိုင်းတွေ ဝင်တာကြောင့် သစ်တောပိုင် ဆင်ယဉ်တွေနဲ့ မောင်းထုတ်နေရတာပါ။

ဒီဆင်တွေဟာ ရခိုင်ရိုးမကနေ မျှင်ဝါးတောင် သစ်တောကြိုးဝိုင်းထဲကို ရောက်ရှိလာတာဖြစ်ပြီး မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနအနေနဲ့ တောဆင်ရိုင်းတွေ တောထဲ ပြန်ရောက်ဖို့ လုပ်ဆောင်နေတယ်လို့  မြန်အောင်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

ဒီတောဆင်ရိုင်းတွေဟာ အောက်တိုဘာလ ၃ ရက်နေ့လောက်ကတည်းက ရွာနားတွေကို ရောက်လာပြီး ဒေသခံတွေ စိုက်ပျိုးထားတဲ့ တောင်ယာစိုက်ခင်းတွေထဲမှာ ဝင်းရောက်စားနေကြတာပါ။

အခုလို တောဆင်ရိုင်းဝင်ရောက် စားသောက်တာကို ရွာသားတွေအနေနဲ့ စောင့်ကြည့်နေရတယ်လို့  မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာနေ မောင်ကျော်စွာက ပြောပါတယ်။

မြန်အောင်မြို့နယ်ထဲက မျှင်ဝါးတောင် သစ်တောကြိုးဝိုင်းအနီးမှာ ဒီနှစ် မတ်လပိုင်းက တောဆင်ရိုင်း ၂ ကောင်ဝင်းရောက်ခဲ့ပြီး ဒီတကြိမ်မှာတော့ တောဆင်ရိုင်း ၄ ကောင် ဝင်ရောက်နေတာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း တောဆင်ရိုင်း အကောင်ရေ ၁၁၅ အထိ အသတ်ခံထားရလို့ သက်ဆိုင်ရာက ဆင်မုဆိုးတွေကို တွေ့ရှိပါက ပြည်သူတွေအနေနဲ့ သစ်တောဦးစီးဌာနကို တိုင်ကြားနိုင်ပြီး တိုင်ကြားသူတဦးကို ငွေကျပ်သိန်း ၃၀ ချီးမြှင့်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013