DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်အတွင်း ရွှေ့ပြောင်းလုပ်သားမိသားစုဝင်များ လူဦးရေစာရင်း စတင်ကောက်ယူ
DVB
·
October 14, 2018
ရေးမြို့နယ်အတွင်း ရွှေ့ပြောင်းလုပ်သားမိသားစုဝင်များ လူဦးရေစာရင်း စတင်ကောက်ယူ
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ် အဘော်ကျားတန်းမှာ နယ်မြေလုံခြုံရေးအရ တရားဥပဒေ စိုးမိုးနိုင်ဖို့ ရွှေ့ပြောင်း လုပ်သားမိသားစုဝင်တွေ အများဆုံးရှိနေတဲ့ အောက်တိုဘာ ၁၄ ရက်နေ့ မနက်က ရွှေ့ပြောင်းလုပ်သားလူဦးရေစာရင်း စတင်ကောက်ယူနေပါတယ်။

ရွှေ့ပြောင်းလုပ်သား မိသားစုဝင်တွေအများဆုံး ဧရာဝတီတိုင်းဒေသကြီးကဖြစ်ပြီး ပင်လယ်ပြင် ရေလုပ်ငန်းနဲ့ ကုန်းပေါ်လုပ်ငန်းခွင်နေရာတွေမှာ အများဆုံးဝင်ရောက် လုပ်ကိုင်နေ ကြတာပါ။

မလိုလားအပ်တဲ့ မှုခင်းတွေ မဖြစ်ပွားလာစေဖို့ ပင်လယ်ပြင်လုပ်ငန်းခွင် အတွင်းနဲ့ နယ်မြေအတွင်း မှုခင်းအန္တရာယ်ပြဿနာ ကြိုတင်ကာကွယ်သွားဖို့အတွက် မြို့နယ်လဝက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ တာဝန်ရှိသူတွေက စတင်ကောက်ယူနေတာ လို့ လဝကမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ရေးမြို့နယ် အခုလအတွင်းမှာ ပင်လယ်ပြင်အတွင်း လူသတ်မှုတခုဖြစ်ပြီး ရာဘာခြံလမ်း တနေရာမှာလည်း ဆိုင်ကယ်ကယ်ရီသမားတဦး ဆိုင်ကယ်နဲ့အတူ အသတ်ခံထားရပြီး လူသတ်တရားခံမှာ လွတ်မြောက်နေသလို လုယက်မှုတွေလည်း မြို့တွင်းနေရာတွေမှာပါ လုယက်မှုနဲ့ ကြုံတွေ့ရသူတွေလည်း ရှိလာနေတဲ့အခါ မြို့ခံတွေက စိုးရိမ်နေတယ်လို့ သိရပါတယ်။

သတင်း - နေမျိုးထွဋ် (ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013