DVB Logo
Home
မြန်မာသတင်း
လူ့ဘောင်သစ်ပါတီထူထောင်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနား ရန်ကုန်တွင် ပြုလုပ်
DVB
·
October 14, 2018
လူ့ဘောင်သစ်ပါတီထူထောင်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနား ရန်ကုန်တွင် ပြုလုပ်
1 / 6
Donate to DVB

လူ့ဘောင်သစ်ပါတီ ထူထောင်ခြင်းနှစ် ၃၀ ပြည့်အခမ်းအနားကို အောက်တိုဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

လူ့ဘောင်သစ်ပါတီကို ၁၉၈၈ အရေးခင်းကာလအပြီးမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် CEC တွေနဲ့ ကျောင်းသားခေါင်းဆောင်တွေ အပါအ၀င် ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်တွေက စတင်ထူထောင်ခဲ့တာပါ။

ပါတီ နှစ် ၃၀ ပြည့်အခမ်းအနားကို နိုင်ငံရေးအကျဉ်းသားတွေ၊ လွှတ်တော်ကိုယ်စားလှယ် တချို့နဲ့ အခြားပါတီခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

ပါတီနှစ် ၃၀ ပြည့်အခမ်းအနားမှာ နိုင်ငံရေး သဘောထားထုတ်ပြန်ချက်တစောင်ကို ထုတ်ပြန်ခဲ့ပြီး ဒီထုတ်ပြန်ချက်ထဲမှာ လက်ရှိ အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ လွတ်လပ်ခွင့်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေဟာ မျှော်မှန်းထားသလောက် ဖြစ်မလာလဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အုပ်ချုပ်ရေး ပုံစံ ၂ ရပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အစိုးရက လွတ်လပ်စွာ စည်းရုံးခွင့် လှုပ်ရှားခွင့်တွေအပေါ် တင်းကျပ် ကန့်သတ်မှုတွေရှိလာပြီး တက်ကြွလှုပ်ရှားသူတွေ၊ သတင်းမီဒီယာသမားတွေကို နိုင်ငံတော် အကြည်ညှိပျက်စေမှု၊ ဆက်သွယ်ရေး ပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချနေမှုတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ပိတ်ပင်တားဆီးနေသလို ဖြစ်နေပြီလို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013