DVB Logo
Home
မြန်မာသတင်း
ဝိုင်ဘီအက်စ်ပေါ် ခါးပိုက်နှိုက်အမျိုးသမီးများကို ဖမ်းမိ
DVB
·
October 14, 2018
ဝိုင်ဘီအက်စ်ပေါ် ခါးပိုက်နှိုက်အမျိုးသမီးများကို ဖမ်းမိ
Donate to DVB

ရန်ကုန်က ဝိုင်ဘီအက်စ်ကားပေါ်မှာ ခါးပိုက်နှိုက်ခဲ့တဲ့ အမျိုးသမီး ၃ ယောက်ကို ကျူးလွန်ပြီး ၂ ရက် အကြာမှာ ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၈ ရက် မနက်ပိုင်းက လှိုင်မြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီး တယောက်ဟာ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဦးဘဟန်လမ်း ကားမှတ်တိုင်က YBS လိုင်းကားစီးပြီး Junction 8 ကုန်တိုက်ရှေ့ကားမှတ်တိုင်ရောက်လို့ ဆင်းတဲ့အခါ ပုခုံးမှာလွယ်ထားတဲ့  သားရေလက်ကိုင်အိတ် ဇစ်ပွင့်နေတာကို တွေ့ရပါတယ်။

စစ်ကြည့်ရာမှာ အိတ်ထဲမှာ ထည့်ထားတဲ့ မြန်မာငွေစက္ကူရောရာ ၁၆ သိန်း၊ အီတာလျှံစက်ဖြတ်ကြိုး ၈ ပဲ ၃ ရွေး၊ ဟမ်းချိန်း ၈ ပဲ ၄ ရွေး ၊ ဘောလုံးကျစ် နန်း ၃ လိုင်း လက်စွပ် ၂ ပဲ၊ ရောင်ပြန်ပုံဆန်း နားကပ်(အပွင့်) ၂ ပဲ ၁.၅ ရွေး၊ ပလက်တီနန် (ရှိုက်ရှိုးဆွဲသီး) ၀.၈၉ g တို့ ပျောက်ဆုံးနေတာကြောင့် ခိုးယူသွားသူအပေါ် အရေးယူပေးဖို့ မရမ်းကုန်မြို့မရဲစခန်းမှာ တိုင်တန်းခဲ့ပါတယ်။

ဒါကြောင့် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေးဌာနစုက တပ်ဖွဲ့ဝင်တွေ၊ မရမ်းကုန်း မြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး အဲဒီအမျိုးသမီး လိုက်ပါစီးနင်းတဲ့ YBS ယာဉ်လိုင်းမှာ အသွင်ယူ လိုက်လံစုံစမ်းတာ၊ ပြစ်ချက်ဟောင်းရှိသူတွေကို လိုက်လံ စုံစမ်းတာတွေ လုပ်ခဲ့ပြီး ဒီအမှုကို အရင်က ပြစ်ချက်ဟောင်းရှိသူတွေဖြစ်တဲ့ ခင်စန္ဒာကျော် (ခ) ဥမ္မာကျော် (၃၂) နှစ်နဲ့ ကြည်ကြည်မြင့် (၅၁) နှစ်တို့ ဖြစ်တာကို စုံစမ်းသိရှိရတယ်လို့ ဆိုပါတယ်။

ပူးပေါင်းအဖွဲ့ဟာ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းရပ်ကွက်၊ ချစ်ကြည်ရေးလမ်းက ဖိနပ်ဆိုင်တဆိုင်မှာ ခင်စန္ဒာကျော် (ခ) ဥမ္မာကျော်ရှိနေတဲ့ သတင်းအရ သွားဖမ်းရာမှာ အောက်တိုဘာ ၁၀ ရက် ညနေမှာ ဖမ်းမိပါတယ်။

ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူတွေကိုစစ်ဆေးမေးမြန်းခဲ့ရာမှာ ကြည်ကြည်မြင့်နဲ့ အေးအေးတို့ ပါဝင်ကြောင်း သိရလို့ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း ရပ်ကွက်၊ ရွှေပိတောက်လမ်းနေ အေးအေးကို အဲဒီနေ့ည ၁၀ နာရီလောက်မှာ ဖမ်းမိခဲ့ပါတယ်။

အဲဒီညမှာပဲ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၂၂)ရပ်ကွက်၊ စံပယ်အထက်လမ်း နေအိမ်မှာ ကြည်ကြည်မြင့်ကို သွားရောက်ဖမ်းဆီးရာမှာတော့ ထွက်ပြေးတိမ်းရှောင် သွားတာကြောင့် လာရောက် ရင်ဆိုင်အဖမ်းခံဖို့အတွက် သူ့ရဲ့ မိသားစုတွေကို ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် အောက်တိုဘာ ၁၂ ရက်နေ့မှာ မရမ်းကုန်းမြို့မရဲစခန်းကို လာရောက် အဖမ်းဆီးခံခဲ့ပြီး သူတို့နှိုက်ယူခဲ့တဲ့ သက်သေခံပစ္စည်းတွေလည်း ပြန်သိမ်းဆည်းနိုင်ခဲ့ တာကြောင့် သူတို့ကို ဥပဒေနဲ့ အညီဆက်လက်အရေးယူသွားမယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013