DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်း ၆ မြို့နယ်မှ တောင်သူများ သိမ်းဆည်းခံလယ်ယာမြေပြန်ရရေး ညီလာခံကျင်းပ
DVB
·
October 14, 2018
ပဲခူးတိုင်း ၆ မြို့နယ်မှ တောင်သူများ သိမ်းဆည်းခံလယ်ယာမြေပြန်ရရေး ညီလာခံကျင်းပ
1 / 5
Donate to DVB

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်အတွင်းမှာရှိတဲ့ မြို့နယ် ၆ မြို့နယ်က တောင်သူတွေ စုပေါင်းပြီး သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်လည်ရရှိဖို့ အောက်တိုဘာ ၁၃ ရက်နေ့က ဖဒိုမြို့မှာ ညီလာခံကျင်းပခဲ့ကြပါတယ်။

သိမ်းဆည်းခံလယ်ယာမြေနဲ့ ပတ်သက်ပြီး တောင်သူတွေစုပေါင်းကာ တောင်ငူခရိုင်၊ သာယာဝတီခရိုင်၊ ပြည်ခရိုင်တို့မှာ တောင်သူလယ်သမား ညီလာခံကျင်းပခဲ့ဖူးပြီး ခုနောက်ဆုံး အနေနဲ့  ပဲခူးခရိုင်မှာ ကျင်းပနေတာပါ။

ညီလာခံတက်ရောက်လာတဲ့ ပြည်ထောင်စုတိုင်းရင်သား တောင်သူလယ်သမားသမဂ္ဂ အတွင်းရေးမှူး ဦးဇော်ရမ်းက “ပဲခူးခရိုင်အတွင်းမှာ သိမ်းဆည်းခံ လယ်ယာမြေပြဿနာနဲ့ အင်းလုပ်ငန်းပြဿနာတွေ အများအပြားရှိနေတာကြောင့် တောင်သူတွေအနေနဲ့ ဥပဒေနဲ့အညီ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး တိုင်းအစိုးရနဲ့  လွှတ်တော်ကိုယ်စားလှယ်တွေထံ တင်ပြ တိုင်ကြားခဲ့ပေမယ့် ထိရောက်တဲ့ ဖြေရှင်စုံစမ်းစစ်စေမှုတွေ မရှိတာကြောင့် သိမ်းဆည်းခံ တောင်သူတွေ စုပေါင်းပြီး ညီလာခံကျင်းပရတာဖြစ်ပြီး ဒီကထွက်ပေါ်လာမယ့် ဆုံးဖြတ်ချက် တွေနဲ့ ကြေညာချက်ကိုထုတ်ပြန်ကာ သမ္မတထံ တင်ပြသွားမယ်”လို့ ပြောပါတယ်။

လေးခရိုင်လုံးက သိမ်းဆည်းခံ တောင်သူတွေရဲ့ ဆုံးဖြတ်ချက်တွေကြေညာချက်တွေကို အစိုးရထံတင်ပြလို့ ထိရောက်တဲ့ ဖြေရှင်းမှုတွေမပြုလုပ်ပါက ပဲခူးတိုင်အတွင်းမှာရှိတဲ့ သိမ်းဆည်းခံတောင်သူတွေစုပေါင်းပြီး တတိုင်းလုံးအနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆို သွားမယ်လို့ လယ်သမားအရေးဆောင်ရွက်သူ ကိုတင်ဇော်ဝင်းက ပြောပါတယ်။

“အကိုတို့ရဲ့ ဆွေးနွေးချက်တွေ ကြေညာချက်တွေကို သက်ဆိုင်ရာအစိုးရနဲ့ တွေ့ဆုံပြီး ပေးပို့သွားမယ်။ သူတို့နဲ့ ညှိနှိုင်းလို့ တာဝန်ခံမှုအပိုင်းလုပ်လာမယ်ဆိုရင်တော့ အချိန် အကန့်အသတ်အနေနဲ့ စောင့်ကြည့်မယ်။ အဲ့လိုမှမလုပ်ရင်တော့ တတိုင်းလုံးအနေနဲ့ သိမ်းဆည်းခံတောင်သူတွေအကုန်လုံး အစိုးရကို ဆန္ဒပြသွားမှာဖြစ်တယ်။"

မြေယာဥပဒေတွေမှာ တောင်သူလယ်သမားတွေကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်းခွင့်ရှိရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ သိမ်းဆည်းမြေများ မူလပိုင်ရှင်ထံ ပြန်ပေးအပ်ရေး၊ ဥပဒေမဲ့ မြေသိမ်းဆည်းသူများကို အရေးယူပေးရေး၊ မတရားဖမ်းဆီး ထောင်ချခံထားရတဲ့ တောင်သူလယ်သမားတွေကို ချွင်းချက်မရှိလွှတ်ပေးရေး အပါအ၀င် အချက် ၇ ချက်ကို ညီလာခံကနေ တောင်းဆိုခဲ့ကြပါတယ်။

ပဲခူးတိုင်းအတွင်းမှာ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရတာနဲ့ ပတ်သက်ပြီး တိုင်ကြားစာ ၆၆၃ တိုင်စာရှိပြီး တိုင်ကြားစာ ၆ဝ ကိုသာကိုဆောင်ရွက်နိုင်သေးတယ်လို့  ၂ဝ၁၇ ဒီဇင်ဘာလက ဗဟိုလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

အဆိုပါညီလာခံကို ညောင်လေးပင် ရွှေကျင် ကျောက်တခါး ကျောက်ကြီး ဒိုက်ဦး ပဲခူးစတဲ့မြို့နယ်တွေက သိမ်းဆည်းခံတောင်သူ ၃ဝဝ ကျော် တက်ရောက်ခဲ့ပြီး ဆုံးဖြတ်ချက်တစောင်နဲ့ ကြေညာချက်တစောင်ထုတ်ပြန်ခဲ့တယ်လို့ သိရသည်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013