DVB Logo
Home
မြန်မာသတင်း
ဟိုပင်မြို့တွင် မဏ္ဍပ်သံတိုင်နှင့် ဓာတ်ကြိုးထိမိ၍ လူငယ်တဦး ဓာတ်လိုက်သေဆုံး
DVB
·
October 14, 2018
ဟိုပင်မြို့တွင် မဏ္ဍပ်သံတိုင်နှင့် ဓာတ်ကြိုးထိမိ၍ လူငယ်တဦး ဓာတ်လိုက်သေဆုံး
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ တကွင်းကျေးရွာမှာ အောက်တိုဘာ ၁၂ ရက် ညနေက သံမဏ္ဍပ်ဆင်ရာမှ သံပိုက်လုံးနဲ့ (11-kv) မီးကြိုးထိမိပြီး လူငယ်တဦး ဓာတ်လိုက်သေဆုံးခဲ့တယ်လို့ ဟိုပင်နယ်မြေရဲစခန်းက ပြောပါတယ်။

ဟိုပင်မြို့ တကွင်းကျေးရွာ ရပ်ကွက် ၁၂ ရှိ အရန်မီးသတ်တပ်ဖွဲ့စခန်းရုံးရှေ့မှာ အောက်တိုဘာ ၁၃ ရက်နေ့ ကျင်းပမယ့် အကြိုအခြေခံမီးသတ်သင်တန်း ၁/၂ဝ၁၈ သင်တန်းဆင်းပွဲနဲ့ မီးသတ်စခန်းအဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားပြုလုပ်ဖို့ သံဖရိန်နဲ့ မဏ္ဍပ်ထိုးစဉ် မဏ္ဍပ်အမိုးအလယ်သံချောင်းအား တပ်ဆင်ဖို့ ဝိုင်းမတင်ရာမှာ သွယ်တန်းထားတဲ့ 11kv ဓာတ်အားလိုင်းနဲ့ ထိမိပြီး ဓာတ်လိုက်ခဲ့လို့ အသက် ၂ဝ အရွယ် ကိုထက်လှိုင်အေး သေဆုံးခဲ့တာဖြစ်ပါတယ်။

“ဓာတ်ကြိုးတွေကို လူနေနီးတဲ့နေရာတွေမှာ ကာဗာပါတဲ့ ကြိုးတွေကို သုံးသင့်တယ်။ ဓာတ်တိုင်တွေကလည်း နိမ့်လွန်းတယ်” လို့ ဟိုပင်ဒေသခံ ဦးကျော်ကျော်က ပြောပါတယ်။

ထက်လှိုင်အေးရဲ့ ယာဘက်လက်မပေါက်ပြဲ ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး သတိမရတဲ့အတွက် ဟိုပင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်စဉ် သေဆုံးသွားခဲ့တာကြောင့် ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ် မဟုတ်သိရှိဖို့ သေမှု သေခင်းဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013