DVB Logo
Home
မြန်မာသတင်း
မြိုင်ကြီးငူဆရာတော် ထိုင်းနိုင်ငံ ဘာမင်ဂရက် ဆေးရုံကြီးတွင် ပျံလွန်တော်မူ
DVB
·
October 14, 2018
မြိုင်ကြီးငူဆရာတော် ထိုင်းနိုင်ငံ ဘာမင်ဂရက် ဆေးရုံကြီးတွင် ပျံလွန်တော်မူ
Donate to DVB

မြိုင်ကြီးငူဆရာတော် ဦးသုဇနဟာ ထိုင်းနိုင်ငံ ဘာမင်ဂရက် ဆေးရုံကြီးမှာ အဆုတ်နဲ့အသည်းရောဂါတွေကြောင့် ဆေးဝါးကုမှုခံယူနေရာက ပျံလွန်တော်မူသွားပြီလို့ ဘားအံမြို့ သရက်တောကျောင်းတိုက် ဆရာတော် ဦးကေသရိန္ဒက ဒီဗွီဘီကို အတည်ပြု မိန့်ကြားပါတယ်။

သက်တော် ၇၁ နှစ် ဝါတော် ၅၁ ဝါရှိ မြိုင်ကြီးငူဆရာတော်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက အဆုတ်နဲ့ အသည်းရောဂါတွေကြောင့် ထိုင်းနိုင်ငံမှာ သွားရောက် ဆေးဝါးစစ်ဆေးပြီး ဆေးကုသမှုခံယူနေရာက အောက်တိုဘာ ၁၃ ရက် ထိုင်းစံတော်ချိန် ည ၉ နာရီလောက် ပျံလွန်တော်မူသွားတာလို့ အောက်တိုဘာ ၁၄ ရက် မနက် ၇ နာရီက ဆရာတော် ဦးကေသရိန္ဒက အတည်ပြုမိန့်ကြားတာပါ။

“ဟုတ်တယ်။ ပျံလွန်တော်မူသွားပြီ။ ဆရာတော်ကြီးက ကျန်းမာရေးမကောင်းတာကြာပြီး။ အဆုတ်တွ အသည်းတွေ ဘာမှမကောင်းတော့ဘူး။ သူရောဂါတော့စုံတယ်။ ဆရာတော်က ဘန်ကောက်မှာရှိတယ်။ တိုက်အုပ်ဆရာတော်ကလည်း အဲမှာရောက်နေတယ်။ ဟုတ်မဟုတ်ပြန်ပြီးတော့ ဆက်သွယ်ကြည့်တော့ ဟုတ်တယ်” လို့ မိန့်ကြားပါတယ်။

ဆရာတော်ဟာ ဆေးဝါးကုသမှုခံယူနေရပေမယ့် ထိုင်းနိုင်ငံကနေ ဘားအံ၊ မြိုင်ကြီးငူဒေသကို မကြာခဏ ပြန်လည်ကြွရောက်လာပြီး သာသနာတော်ပြန့်ပွားရေးအတွက် ဘုရားစေတီ၊ ကျောင်း၊ လမ်းတံတားတွေကို ဆောက်လုပ်လှူဒါန်းနေရာမှ ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ပြီး ကျန်းမာရေးအခြေအနေ ပိုမိုဆိုးဝါးလာတဲ့အတွက် ထိုင်းနိုင်ငံမှာပဲ ဆေးကုသမှုခံယူနေတာပါ။

ဆရာတော်ဟာ ၁၉၉၄ ခုနှစ်က ကေအန်ယူကနေ ခွဲထွက်ခဲ့တဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ကို ဦးဆောင်ပြီး ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ခဲ့တဲ့အတွက် ဆရာတော် ဖြစ်ပါတယ်။

ဆရာတော်ကြီးဟာ မြိုင်ကြီးငူအထူးဒေသမှာ တိုက်ပွဲတွေကြောင့် စစ်ဘေး ရှောင်ထွက်ပြေးလာတဲ့ ကျေးရွာ ၂၄ ရွာက ဒေသခံတိုင်းရင်းသားတွေကိုလည်း ကူညီ စောင့်ရှောက်ပေးနေတယ်လို့ သိရတယ်။

ဆရာတော်ရဲ့ ရုပ်ကလာပ်ကို အောက်တိုဘာ ၁၄ ရက်နေ့မှာ မြန်မာ-ထိုင်း နယ်စပ် မဲဆောက် ချစ်ကြည်ရေး တံတားမှ တဆင့် မြိုင်ကြီးငူ အထူးဒေသကို သယ်ဆောင်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013