DVB Logo
Home
မြန်မာသတင်း
ကလေးမြို့ အသေးစား အလတ်စားလုပ်ငန်းများ အစိုးရအကူညီ လိုအပ်နေ
DVB
·
October 13, 2018
ကလေးမြို့ အသေးစား အလတ်စားလုပ်ငန်းများ အစိုးရအကူညီ လိုအပ်နေ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ အသေးစား အလတ်စား လုပ်ငန်းရှင်တွေဟာ ၉ဝ ရာခိုင်နှုန်းထိ ရှိနေပြီး အရင်းအနှီးနဲ့ နည်းပညာပိုင်းတွေမှာ အစိုးရအကူအညီ လိုအပ်နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ကလေးမြို့မှာ တပိုင်တနိုင် ရက်ကန်းလုပ်ငန်းများစွာဟာ အစိုးရအကူအညီ လိုအပ်နေတယ်လို့ ရွှေထိပ်တန်း ရက်ကန်းအသင်းက ကိုမျိုးမြင့်နိုင်က ပြောပါတယ်။

"ကျနော်တို့ အရင်က အချောထည်တွေကို နိုင်ငံခြာထိ ထိုးဖောက်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် အဆင်မပြေဘူး။ အစိုးရအနေနဲ့ အရင်းအနှီးနဲ့ နည်းပညာ ပြည်ပ ဈေးကွက် ဒါတွေ လုပ်ပေးဖို့ အကူအညီတွေတော့ လိုနေတယ်။"

အခုလက်ရှိမှာ မြန်မာပြည်တွင်း SME နဲ့ ပတ်သက်တဲ့ သင်တန်းတွေကို ပြည်ပ အကူအညီတွေနဲ့ ဆောင်ရွက်လာနေပေမယ့် လက်တွေ့လုပ်ငန်းခွင် အခက်အခဲအတွက် သိပ်အဆင်မပြေသေးဘူးလို့ လုပ်ငန်းရှင် အများစုက ပြောဆိုနေကြပါတယ်။

SME လို့ ခေါ်တဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ တိုင်းပြည် စီးပွားရေးအတွက် အဓိကကျတာကြောင့် သက်ဆိုင်ရာက အားပေးသင့်တယ်လို့ ကလေးမြို့ သိမ့်ခန်းမမှာ ဒီနေ့ပြုလုပ်တဲ့ SME သင်တန်းမှာ ကလေးခရိုင် ဒုခရိုင် အတွင်းရေးမှူး ဦးကျော်စိုးလွင်က ပြောပါတယ်။

"တိုင်းပြည်တခုရဲ့ ဖွံ့ဖြိုးရေးမှာ SME လုပ်ငန်းရှင်တွေဟာ တိုင်းပြည်စီးပွားရေးရဲ့ အသက်သွေးကြော ဖြစ်နေတယ်။ တိုင်းပြည်ရဲ့ ဖွံဖြိုးမှု မောင်းနှင်အား ဖြစ်သလို စွန့်ဦးတည်ထွင်သူများလည်း ဖြစ်တယ်။ ပြောင်းလဲနေတဲ့ ဈေးကွက် လိုအပ်ချက်တွေကို လုပ်ငန်းကြီးတွေထက် လျှင်မြန်တဲ့ တုံ့ပြန်မှုနဲ့ ပြုပြင်ပြောင်းလဲနိုင်တယ်။ ဒါကြောင့် SME တွေကို အားပေးသင့်တယ်။"

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013