DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 13, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆ဝ ဝင် တအိတ်ကို ၅၇၂ဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၄ဝဝ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ် ကို ၅၅ဝဝဝ ကနေ ၆ဝဝဝဝ ပေါက်ဈေရှိပြီး တအိတ်ကို ၁ဝဝဝ ကျပ်ဈေးတက်လာပါတယ်။

ရန်ကုန်နဲ့မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၂၈ဝဝကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

ပဲစင်းငုံနီ

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ပဲစင်းငုံနီက တအိတ်ကို ၄ဝဝဝဝ ကနေ ၄၄၅ဝဝ ပေါက်ဈေးရှိ ပြီး တအိတ်ကို ၅ဝဝ ကျပ်ဈေးတက်လာပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၄၄၇ဝဝ ပေါက်ဈေး ရှိပြီး တအိတ်ကို ၃ဝဝ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂ဝဝ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

 

ကုလားပဲ v2

မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ v2 က ၅၇ ဒသမ၂၅ ပိဿာဝင် တအိတ်ကို ၇၄ဝဝဝ ကနေ ၇၅ဝဝဝ ပေါက်ဈေးရှိပြီး တအိတ်ကို ၁ဝဝဝ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၃၂ဝဝ  ပေါက်ဈေးရှိပြီး တအိတ်ကို ၃ဝဝ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁၈ဝဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

 

ပဲကြီး

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ ပဲကြီး(ရွှေကျွန်း၊ကုန်း)က ၅၅ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၁၂၄၈ဝဝ ကနေ ၁၅၁၆ဝဝ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၁ဝ၅ဝဝဝ ကနေ ၁၂ဝဝဝဝ ပေါက်ဈေးရှိပြီး ရန်ကုန် နဲ့မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၃၁၆ဝဝ  ဈေးကွာခြားမှုရှိပါတယ်။

 

စွန်တာပြာ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စွန်တာပြာ ၅၈ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၈ဝ၉ဝဝ ကနေ ၈၃၃ဝဝ ပေါက်ဈေးရှိပြီး မန္တလေးကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၈၅ဝဝဝ ကနေ ၈၈ဝဝဝ ပေါက်ဈေးရှိပါတယ်။

ရန်ကုန်နဲ့မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၄၇ဝဝ ဈေးကွာခြားမှုရှိပါတယ်။

 

ကြက်သွန်နီ

ရန်ကုန်ကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၈၅ဝ ကနေ ၁၂ဝဝ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅ဝ ကျပ် ဈေးကျဆင်းသွားပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၉ဝဝ ကနေ ၁ဝ၅ဝ ပေါက်ဈေးရှိပြီး ရန်ကုန်နဲ့ပခုက္ကူကုန်စည်ဒိုင် တစ်ပိဿာကို ၁၅ဝ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013