DVB Logo
Home
မြန်မာသတင်း
နေရပ်စွန့်ခွာသူ ဘင်္ဂါလီမိသားစုအချို့ ပြန်လည်ဝင်ရောက်
DVB
·
October 13, 2018
နေရပ်စွန့်ခွာသူ ဘင်္ဂါလီမိသားစုအချို့ ပြန်လည်ဝင်ရောက်
Donate to DVB

မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းကို ဘင်္ဂလာဒေ့ရှ်နိုင်ငံက နေရပ်စွန့်ခွာသူ ဘင်္ဂါလီမိသားစုအချို့ ပြန်လည်ဝင်ရောက်လာတယ်လို့ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းကနေ သိရပါတယ်။

တောင်ပြိုလက်ဝဲမြို့၊ ပြန်လည်လက်ခံရေးစခန်းကို ဘင်္ဂလာဒေ့ရှ်နိုင်ငံက နေရပ်စွန့်ခွာသူ ဘဂါင်္လီ မိသားစု ၅ ယောက် အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၈ နာရီလောက်က ပြန်လည် ဝင်ရောက်လာခဲ့သလို အောက်တိုဘာလ ၉ ရက်နေ့ကလည်း တောင်ပြိုလက်ခံရေးစခန်းကို ဝင်ရောက်လာသူ ၁ ယောက်ရှိခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့ပြီး ၉ လကြာတဲ့အထိ မြန်မာဘက်ကို အောက်တိုဘာလ ၁၂ ရက်နေ့အထိ တရားဝင် ဝင်ရောက်လာသူ ၁၇ ယောက် ရှိတယ်လို့ သိရပါတယ်။

ဇွန် ၂၄ ရက်တုန်းက ၅ ယောက်၊ စက်တင်ဘာလ ၄ ရက်နေ့မှာ ၆ ယောက်၊ အောက်တိုဘာလ ၉  ရက်နေ့မှာ ၁ ယောက်၊ အောက်တိုဘာ ၁၀ ရက်မှာ ၅ ယောက် ပြန်လည်ဝင်ရာက်လာတယ်လို့ ပြန်လည်လက်ခံရေးစခန်းကနေ သိရပါတယ်။

ပထမအသုတ်အဖြစ် ရိုဟင်ဂျာ ၆၀၀၀ ကို ပြန်ပို့မှာ ဖြစ်ပြီး သူတို့နာမည်တွေနဲ့ သူတို့နေထိုင်ရာရွာတွေ ကိုက်ညီမှု ရှိမရှိ မြန်မာအစိုးရကို မေးထားကြောင်း တနင်္ဂနွေနေ့က Dhaka မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Mahmood Ali က နိုင်ငံခြားသတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် မြန်မာ- ဘင်္ဂလာဒေ့ရှ် ၂ နိုင်ငံပူးတွဲ အလုပ်အဖွဲ့ ဆွေးနွေးပွဲကိုလည်း အောက်တိုဘာ ၂၈ ရက်နေ့ ပြုလုပ်မယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ဘင်္ဂါလီ ၆ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွား ကြတယ်လို့ ကုလသမဂ္ဂခန့်မှန်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013