DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် သဘာဝဘေးဒဏ်အတွက် သိန်း ၃၀၀၀ ကူညီထောက်ပံ့ခဲ့
DVB
·
October 13, 2018
စစ်ကိုင်းတိုင်းတွင် သဘာဝဘေးဒဏ်အတွက် သိန်း ၃၀၀၀ ကူညီထောက်ပံ့ခဲ့
Donate to DVB

စစ်ကိုင်းတိုင်းမှာ ဒီနှစ်အတွင်း သဘာဝဘေးအန္တရာယ် အကြိမ်ရေ ၃၅၀ ကျော်ဖြစ်ပွားခဲ့ပြီး ကျပ်သိန်း ၃၀၀၀ နီးပါး ထောက်ပံ့တာတွေပြုလုပ်ခဲ့ရတယ်လို့ တိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။

ဖြစ်ပွားတဲ့ သဘာဝဘေးအန္တရာယ်တွေမှာ မနှစ်က ရေဘေးပိုများခဲ့ပြီး ဒီနှစ်မှာတော့ လေဘေးပိုများပြီး မိုးကြိုးဘေးကလည်း အဖြစ်များလာနေတယ်လို့ ညွှန်ကြားရေးမှူး ဦးဝီလီဖရန့်က ပြောပါတယ်။

“ပြီးခဲ့တဲ့ ကာလတို ဧပြီကနေ စက်တင်ဘာလအထိမှာ အယောက် ၂၀ နီးပါး မိုးကြိုးဘေးကြောင့် သေဆုံးခဲ့တယ်။ မိုးကြိုးဘေး ၇ ကြိမ်၊ ၈ ကြိမ်ထက်မက ပစ်တာပေါ့။ အခုဘက်ဂျက်ကြီးအစ အောက်တိုဘာ ၁၊ ၂၊ ၃ မှာပဲ မိုးကြိုး ၃ ကြိမ်ပစ်ခဲ့ပြီပေါ့။ ပစ်ခဲ့တဲ့အထဲမှာ ၃ ယောက်သေတယ်။ ၅ ယောက် ဒဏ်ရာရတာပေါ့။ အဲလောက်ထိဖြစ်လာတယ်။ မိုးကြိုးဘေးကတော့ စစ်ကိုင်းတိုင်းမှာ နည်းနည်းပိုဖြစ်လာတဲ့ အနေအထားတွေ့ရပြီး ဖြစ်တိုင်းလည်း သေဆုံးမှုတွေရှိတာပေါ့” လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း ရာသီဥတုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဘေးဒဏ်တွေ တင်မက ပတ်ဝန်းကျင်ပြောင်းလဲလို့ ဖြစ်ပေါ်လာတဲ့ ဘေးတွေကိုလည်း သတိထားဖို့ လိုနေပြီလို့လည်း ဆိုပါတယ်။

ဘေးအန္တရယ်တွေ ကြုံတွေ့တဲ့အခါ အချိန်နဲ့တပြေးညီ ကယ်ဆယ်နိုင်အောင် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တိုင်းမှာ ရှာဖွေကယ်ဆယ်ရေးတပ်စု ၃၅ စုကို ဖွဲ့စည်းထားပြီး တပ်ဖွဲ့ဝင် ၁၃၀၀ ကျော်ကို အသင့်စုစည်းလေ့ကျင့်ထားကာ သတင်းရရချင်း သွားရောက်ဆောင်နိုင်အောင် ရှိနေတယ်လို့ တိုင်းမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးကလည်း ပြောပါတယ်။

ပစ္စည်းအင်အား၊ နည်းပညာ၊ လူအင်အား ပြည့်စုံတဲ့အတွက် အခက်အခဲ အများကြီးမရှိဘူးလို့လည်း ဆိုပါတယ်။

လတ်တလောမှာလည်း မုန်တိုင်းကြောင့် မိုးအဆက်မပြတ်ရွာသွန်းနေပြီး သစ်ပင်ကြီးတွေ အမြစ်ကနေ လဲပြိုတာတွေလည်း ရှိနေပါတယ်။ သဘာဝဘေးအန္တရာယ်က တစ်နှစ်ထက် တစ်နှစ် တောင်ပေါ်မြေပြန့်မရွေး ကြုံတွေ့လာနေရတာလည်းဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုတွေက တနှစ်ထက်တနှစ် ဖြစ်ပွားတဲ့ အကြိမ်ရေ ပိုများလာသလို ဆုံးရှုံးမှုတွေလည်း ပိုများလာနေပါတယ်။ မြန်မာနိုင်ငံမှာ သဘာဝဘေး အန္တရာယ်အကြိမ်ရေ ၆၆၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ၁၄၀၀ ကျော်သေဆုံးခဲ့ကာ ငွေကျပ် ၂၃၉ ဘီလီယံကျော် ထောက်ပံ့ပေးခဲ့ရတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ် လျော့ပါးရေးနေ့ကို မုံရွာမြို့၊ မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013