DVB Logo
Home
မြန်မာသတင်း
ဆဒုံးစစ်ရှောင်စခန်းမှ အိမ်ထောင်စု ၈၄ စုကို ပြန်လည်နေရာချထားရေး စတင်
DVB
·
October 13, 2018
ဆဒုံးစစ်ရှောင်စခန်းမှ အိမ်ထောင်စု ၈၄ စုကို ပြန်လည်နေရာချထားရေး စတင်
Donate to DVB

ဝိုင်းမော်မြို့နယ် ဆဒုံးစစ်ရှောင်စခန်းမှာ နေထိုင်တဲ့ အိမ်ထောင်စု ၈၄ စုအတွက် ၂၀၁၈ ခုနှစ် နှစ်မကုန်ခင် နေရာပြန်လည်ချထားရေး စတင်လုပ်ဆောင်နေပြီလို့ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာဝန်ကြီးက ပြောပါတယ်။

“ဘာတွေပြင်ဆင်ရဦးမလဲ၊ ဘာတွေ လိုအပ်သလဲ၊ ဘာတွေလုပ်ရဦးမလဲ၊ မြေက ညှိရပြင်ရဦးမယ်။ သိပ်တော့မကြာလောက်ဘူးထင်တယ်။ ဒီနှစ်ထဲမှာတော့ဖြစ်မှာပါ” လို့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ပြောပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့က ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးတွေဖြစ်တဲ့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဗမာတိုင်းရင်းသားရေးရားဝန်ကြီးတို့က ဦးဆောင်ပြီး ဆဒုံးမြို့နယ် ယာယီစစ်ရှောင်စခန်းကို သွားရောက်ပြီး ပြန်လည်နေရာချထားရေး လုပ်ဆောင်နေမှုအခြေအနေ စစ်ရှောင်ပြည်သူတွေကို ပြောဆိုခဲ့ပါတယ်။

ဝိုင်းမော်မြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ထိုက်က ပြန်လည်နေရာချထားရေး မြေနဲ့ပတ်သက်ပြီး “ခန့်မှန်းဧရိယာအနေနဲ့ မြေဧရိယာ ၂၀ ခန့် ကျယ်ဝန်းတဲ့ အနေအထားရှိပါတယ်။ လူနေအိမ်တွေကို ဒီက စစ်ရှောင်မိသားစုတွေကို ပြောင်းရွှေ့ပြီးတော့ နေရာချထားပေးမယ်ဆိုရင် မြေကွက်ကို စနစ်တကျ ဖော်ထုတ်လိုက်မယ်ဆိုရင် အိမ်ခြေအနည်းဆုံး ၈၀ ကျော်လောက် နေရာချထားပေးလို့ ရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဝိုင်းမော်မြို့နယ် ဆဒုံးယာယီစစ်ရှောင်စခန်းမှာတော့ ကျေးရွာ ၉ ရွာက ပြောင်းရွှေ့လာတဲ့ အိမ်ထောင်စု ၈၄ စု လူဦးရေး ၄၀၀ ကျော် ယာယီနေထိုင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013