DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအထူးကိုယ်စားလှယ်တို့ စိန်ခေါ်မှုများ ဖြေရှင်းရေး ဆွေးနွေး
DVB
·
October 13, 2018
ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအထူးကိုယ်စားလှယ်တို့ စိန်ခေါ်မှုများ ဖြေရှင်းရေး ဆွေးနွေး
Donate to DVB

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရွှာနာဘာဂျီနာတို့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးအပါဝင် မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ ဖြေရှင်းရေးနဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လက်ခံရေး ကိစ္စရပ်တွေ ဆွေးနွးပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှု၊ ရခိုင်ပြည်နယ်မှာ လူမှုအသိုင်းအဝိုင်းများအကြား သဟဇာတရှိစွာ နေထိုင်နိုင်ရေးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့နဲ့ လူထုအား အသိပညာပေးမှုတွေ ပြုလုပ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် အထူးကိုယ်စားလှယ်ရဲ့ရုံး နေပြည်တော်မှာ ဖွင့်လှစ်ရေးကိစ္စ၊ နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်း စတင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီထားတဲ့အတိုင်း အကောင်အထည်ဖော်ရေး၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့လုပ်ငန်းဆောင်ရွက်နေမှုကိစ္စ၊ ရခိုင်ပြည်နယ်အရေး အပါအဝင် မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းရေးအတွက် ဆောင်ရွက်နေတဲ့ကိစ္စရပ်တွေ၊ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ကုလအထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရွှာနာဘာဂျီနာ အောက်တိုဘာလ ၁ဝ ရက်နေ့က နေပြည်တော်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့မှာ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ကလေးသူငယ်တွေ စစ်မှုထမ်းခြင်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နောက်ဆုံး ဆက်သွယ်ဆောင်ရွက်နေမှု အခြေအနေတွေ ဆွေးနွေးခဲ့ကြပါတယ်။

မစ္စ ခရစ္စတင်း ရွှာနာဘာဂျီနာဟာ တတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး အချိန်တပတ် ကြာမြင့်မှာဖြစ်ပြီး သူမဟာ ၂ဝ၁၈ ခုနှစ် ဧပြီ ၂၆ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခံရပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ၂ ကြိမ် လာရောက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013