DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စ လာအိုသမ္မတနှင့် ဗိုလ်ချုပ်မှူးကြီးဆွေးနွေး
DVB
·
October 12, 2018
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စ လာအိုသမ္မတနှင့် ဗိုလ်ချုပ်မှူးကြီးဆွေးနွေး
Donate to DVB

လာအိုနိုင်ငံမှာ ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ  လာအိုသမ္မတ ဘွန်ညံဗိုရာချစ်နဲ့ တွေ့ဆုံပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စအပါအ၀င် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဗီယင်ကျန်းမြို့ရှိ သမ္မတအိမ်တော်မှာ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့တာလို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံရာမှာ လက်ရှိမြန်မာနိုင်ငံရဲ့  နိုင်ငံရေးအခြေအနေတွေ၊ မြန်မာနိုင်ငံရဲ့တရားမျှ တစွာ ဖြေရှင်းဆောင်ရွက်မှုတွေအပေါ် လာအိုနိုင်ငံက ပြတ်သားစွာရပ်တည်ပေးမှု အခြေအနေ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ကုန်သွယ်မှုတိုးမြှင့်ရေး၊ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် တရားမ၀င် ကုန်သွယ်မှုများမရှိစေရေး၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား အပြန်အလှန် လည်ပတ်မှုများနဲ့ ပူးပေါင်းဆောင်ရွက်ရေး စတာတွေဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မြန်မာ-လာအိုနှစ်နိုင်ငံဟာ ခွဲခြားမရတဲ့ အိမ်နီးချင်းကောင်း၊ မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းတွေဖြစ်ပြီး လွတ်လပ်ရေး ရရှိချိန်မှစ၍ နှစ်နိုင်ငံခေါင်းဆောင် များအပြန်အလှန်လည်ပတ်ခြင်းဖြင့် ဆက်ဆံရေး ကောင်းမွန်ခဲ့တဲ့ အစဉ်အလာကိုမိမိတို့အနေဖြင့် ဆက်လက်မြှင့်တင်နိုင်အောင်ကြိုးစား ဆောင်ရွက်နေတယ်”လို့ ပြောပါတယ်။

လာအိုနိုင်ငံသမ္မတကတော့ လာအို-မြန်မာနှစ်နိုင်ငံနဲ့ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး ကောင်းမွန် တိုးတက်နေကြောင်းနဲ့ မြန်မာကာကွယ်ရေးဦးစီးချုပ်ရဲ့ ခရီးစဉ်မှ တဆင့် နှစ်နိုင်ငံရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်မယ်လို့ ပြောပါတယ်။

ဓာတ်ပုံ-ကာချုပ်ရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013