DVB Logo
Home
မြန်မာသတင်း
သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ်အတွက်လိုအပ်ချက်များ ဖြေလျော့ပေး
DVB
·
October 12, 2018
သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ်အတွက်လိုအပ်ချက်များ ဖြေလျော့ပေး
Donate to DVB

သံတမန်နဲ့  အထူးနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖို့အတွက်  လိုအပ်တဲ့ စာရွက်စာတမ်းအထောက်အထားတွေကို ဖြေလျော့ပေးလိုက်ပြီဖြစ်တယ်လို့ နိုင်ငံခြားရေး ဌာနက ကြေညာပါတယ်။

ပြည်ပထွက်ခွာခွင့် ခွင့်ပြုမိန့် (DO) ၊ နိုင်ငံခြားရေးရာ မူဝါဒကော်မတီ (FAPC) အမှာစာနဲ့  ပြည်ထဲရေးဝန်ကြီးဌာနမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာတွေကို နိုင်ငံကူးလက်မှတ် ကိုင်ဆောင်မယ့်သူတွေအနေနဲ့  ကောင်စစ်ရေးရာနဲ့ ဥပဒေရေးရာဦးစီးဌာနထံသို့ အောက်တိုဘာ ၁ရက်က စပြီး ပေးပို့ဖို့ မလိုတော့တာလို့ဆိုပါတယ်။

နိုင်ငံကူးလက်မှတ်အသစ် လာရောက်လျှောက်ထားရာမှာ ပိုမိုအဆင်ပြေလွယ်ကူစေဖို့ ခုလိုဆောင်ရွက်တာဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ရုံးစာသာလိုအပ်ကြောင်း ဝန်ကြီးဌာန အသီးသီးထံ ပြီးခဲ့တဲ့လကတည်းက အကြောင်းကြားစာ ပေးပို့ခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အစိုးရ ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပြည်ပ ခရီးစဉ်တွေ၊ ပညာတော်သင်တွေ၊ နိုင်ငံကိုယ်စားပြု အားကစားသမားတွေနဲ့ ပြည်ပသံရုံး အသီးသီးမှာ တာဝန်ထမ်းဆောင်ကြမယ့်  ဝန်ထမ်းနဲ့ မိသားစုဝင်တွေအတွက် သံတမန်နဲ့ အထူး နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးနေတာဖြစ်ပါတယ်။

ဓာတ်ပုံ-MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013