DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
October 12, 2018
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲကတော့ ပိဿာ ၆၀ ၀င် ၁ အိတ်ကို ၅၆၈၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၃၅၀ ကျပ်ဈေးတက်လာပါတယ်။      မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၅၅၀၀၀ ကနေ ၅၉၀၀၀ ပေါက်ဈေရှိပြီး ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့မန္တလေး ကုန်စည်ဒိုင် ၁ တစ်အိတ်ကို ၂၂၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက ၁ အိတ်ကို ၄၆၃၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးပွဲစားကုန် သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၄၄၀၀၀ ပေါက်ဈေးရှိပြီး ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၂၃၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

ကုလားပဲ v2

 

မန္တလေးပွဲစား ကုန်သည်စက်ပိုင်အသင်းမှာတော့ ကုလားပဲ v2 က ၅၇.၂၅ ပိဿာဝင် ၁ အိတ်ကို ၇၅၀၀၀ ပေါက်ဈေးရှိပြီး မနေ့က ဈေးအတိုင်းပြောင်းလဲမှုမရှိပါဘူး။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၇၂၉၀၀  ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၆၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၂၁၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။

နှမ်းနက်(စမုံ)

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းနက် (စမုံ) က ၄၅ ပိဿာဝင် ၁ အိတ်ကို ၂၃၀၀၀၀ ကနေ ၂၅၀၀၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မကွေးကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၂၃၀၀၀၀ ကနေ ၂၃၇၀၀၀  ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေး နဲ့ မကွေး ကုန်စည်ဒိုင် ၁ တစ်အိတ်ကို ၁၃၀၀၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

နှမ်းညို

မန္တလေးကုန်စည်ဒိုင်မှာ ပန်းနှမ်းက ၁ အိတ်ကို ၁၄၄၀၀၀ ကနေ ၁၄၆၀၀၀   ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ တစ်အိတ်ကို ၁၄၂၈၅၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ မန္တလေး နဲ့ မြင်းခြံ ကုန်စည်ဒိုင် ၁ အိတ်ကို ၃၁၅၀ ကျပ်ဈေးကွာခြားမှုရှိပါတယ်။

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၈၅၀ ကနေ ၁၀၅၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၉၅၀ ကနေ ၁၀၅၀ ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၅၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ပခုက္ကူ နဲ့ မြင်းခြံကုန်စည်ဒိုင် ဈေးကွာခြားမှုမရှိပါဘူး။

ဖော်ပြထားတဲ့ သီးနှံတွေထဲက နှမ်းနက် (စမုံ) က ဒီတပတ်မှာ ဈေးတက်လာပါတယ်။ စက်တင်ဘာ နောက်ဆုံးပတ်ကတည်းက ဈေးတဖြည်းဖြည်း ကျဆင်းသွားခဲ့တဲ့ နှမ်းနက်(စမုံ)က ဒီတစ်ပတ်တော့မှာတော့ အ၀င်လည်း နည်းလာပြီး အ၀ယ်လည်း များလာတဲ့အတွက်ကြောင့် ဈေးက တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ တပတ်အတွင်းမှာတော့ ၁ သောင်းနီးပါး ဈေးတက်လာခဲ့ပါတယ်။

 

 

ဖော်ပြထားတဲ့  သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013