DVB Logo
Home
မြန်မာသတင်း
စာပေစိစစ်ရေးကို တင်ပြရသည့်စနစ် ပယ်ဖျက်
DVB
·
August 20, 2012
စာပေစိစစ်ရေးကို တင်ပြရသည့်စနစ် ပယ်ဖျက်
Donate to DVB

ဂျာနယ်စာစောင်တွေ မထုတ်ဝေခင် စာပေစိစစ်ရေး တင်ပြရတဲ့စနစ်ကို ဒီနေ့ကစပြီး ပယ်ဖျက်လိုက်ပြီလို့ စာပေစိစစ်ရေးဌာန ညွှန်ကြားရေးမှူး  ဦးတင့်ဆွေက အတည်ပြုပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ စာပေစိစစ်ရေးမူဝါဒသစ်နဲ့ ပတ်သက်ပြီး ဒီနေ့မနက်ပိုင်းက  ရန်ကုန်မြို့ စာပေစိစစ်ရေးဌာနမှာ ပြုလုပ်တဲ့ သတင်းဂျာနယ်၊ အယ်ဒီတာတွေနဲ့ စိစစ်ရေးဌာန တာဝန်ရှိသူတွေ တွေ့ဆုံပွဲမှာ  အခုလို အသိပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဦးတင့်ဆွေက “ကျနော်တို့ နိုင်ငံတွင်းမှာ ထုတ်ဝေတာတွေအားလုံးသည် စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနကို ကြိုတင်တင်ပြတာခြင်းမရှိတော့ဘဲ လွတ်လပ်စွာထုတ်နိုင်တဲ့ အခြေအနေဖြစ်သွားပါတယ်။ ဒါကြောင့် စိစစ်ခြင်းစနစ်၊ စာပေကို စိစစ်ခြင်းစနစ်၊ ထုတ်ဝေတာကို စိစစ်ခြင်းစနစ်ကတော့ ဖျက်လိုက်ပြီပေါ့။”

ဂျာနယ်တွေအနေနဲ့ စိစစ်ရေးတင်စရာမလိုဘဲ ထုတ်ဝေပြီးမှ တင်ရမယ်ဆိုတာကလည်း စောင့်ကြည့်မယ့် သဘောမျိုး မဟုတ်တော့ဘဲ  မှတ်တမ်းတင်ထားရှိမယ့်သဘောလို့လည်း ပြောပါတယ်။

လက်ရှိတည်ရှိနေတဲ့ ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူနဲ့ ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ၊ နည်းဥပေဒပါ ညွှန်ကြားချက်နဲ့ အမှာစာပါ စာပေစိစစ်ရန်အတွက်  အဆင့်ဆင့်တင်းကျပ်ခဲ့တဲ့ ညွှန်ကြားချက်နဲ့ အမှာစာတွေကိုလည်း ဒီနေ့ ပယ်ဖျက်လိုက်ပါတယ်။

စာပေစိစစ်ရေးကို တင်ပြရတဲ့ စနစ်ဖျက်သိမ်းပြီး မီဒီယာဥပဒေလည်း အတည်မပြုနိုင်သေးခင် စာပေလောကသားတွေကို ကြီးကြပ်ဖို့ဆိုပြီး  ဒီလထဲ ဖွဲ့ပေးခဲ့တဲ့ စာနယ်ဇင်း အမြုတေကောင်စီ ဆက်ရှိ မရှိ ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အခုလို စာပေစိစစ်ရေးကို တင်ပြရတဲ့စနစ် ဖျက်သိမ်းလိုက်တဲ့အပေါ် သတင်းနဲ့ စာနယ်ဇင်းသမားတွေ အများစုက ကြိုဆိုပေမယ့် အဲ့ဒီအဖွဲ့နေရာမှာ တခြားအဖွဲ့တခုပေါ်လာမှာ စိုးရိမ်တယ်လို့ မန္တလေးက သတင်းစာဆရာ ကျော်ရင်မြင့်က ပြောပါတယ်။
မြန်မာပြည်မှာ နှစ်ပေါင်း ၅၀ လောက် နီးနီးတည်ရှိခဲ့တဲ့ စာပေစိစစ်ရေးလုပ်ငန်းဟာ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် အဓိကအတားအဆီးအဖြစ်  ဝေဖန်ခံနေရတဲ့အဖွဲ့ ဖြစ်ပြီး   သမ္မတဦးသိန်းစိန် အစိုးရ တက်ပြီး ၁ နှစ်ခွဲကျော်အကြာမှာ ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013