DVB Logo
Home
မြန်မာသတင်း
တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်နှင့် ကိုသန်းထိုက်တို့ကို ချက်ချင်းလွှတ်ပေးရန် ဆန္ဒပြ
DVB
·
October 12, 2018
တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်နှင့် ကိုသန်းထိုက်တို့ကို ချက်ချင်းလွှတ်ပေးရန် ဆန္ဒပြ
1 / 9
Donate to DVB

မတရားအမှုဆင် ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ လူ့အခွင့်အရေးကာကွယ်လှုပ်ရှားသူ တရား လွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်နဲ့ ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း) ကိုသန်းထိုက်တို့ကို ခြွင်းချက်မရှိလွှတ်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့က သဘောထားကြေညာချက်ထုတ်ပြီး ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ချက်ခြင်းလွှတ်ပေးရေးအတွက် ညနေ ၃ ခွဲအချိန်မှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ နေ့က သူတို့ကို ရာဇဝတ်မှုပုဒ်မ ၂၂၈ နဲ့ အမြင့်ဆုံး ပြစ်ဒဏ် ဖြစ်တဲ့ ထောင်ဒဏ် ၆ လအထိ ပဲခူးတိုင်း မင်းလှမြို့နယ် တရားရုံးကနေ ချမှတ်လိုက် တာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်က လက်ပံတန်းမြို့မှာ ဒီမိုကရေစီပညာရေးပြုပြင်ပြောင်းလဲရေး တောင်းဆိုဆန္ဒပြခဲ့တဲ့ ကျောင်းသားသပိတ်ကို ရဲတပ်ဖွဲ့က အကြမ်းဖက်ရိုက်နှက် ဖြိုခွဲဖမ်း ဆီးခဲ့ပြီး ၅၀၅ (ခ) အပါဝင် ပုဒ်မမျိုးစုံနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ အဲဒီတရားစွဲခံခဲ့ရတဲ့ ကျောင်းသားတွေဘက်ကနေ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်က ရှေ့နေတဦးအဖြစ် အမှုလိုက်ပါပေးခဲ့တာပါ။

အဲဒီအမှုကိုလိုက်ရင်း တရားခွင်မှာ လျှောက်လွှာတစောင်တင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမှုစစ်တရားသူကြီး ဦးချစ်မြတ်နဲ့ နားလည်မှုလွဲမှား စကားပြောဆိုခဲ့ရတာကြောင့် ဒေါ်ခင်ခင်ကျော်နဲ့ ကိုသန်းထိုက်တို့ကို သာယာဝတီမြို့နယ် တရားရုံးမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၂၈ (တရားစီရင်ရေးနှောင့်ယှက်မှု) နဲ့ တရားစွဲဆိုခဲ့တဲ့အမှုဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သဘောထားကြေညာချက်ထုတ်ပြန်တဲ့ အရပ်ဘက်အဖွဲ့အစည်း ၁၈ ဖွဲ့ထဲက ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “လူ့အခွင့်အရေးကာကွယ်လှုပ်ရှားတဲ့ ရှေ့နေကို အမြင့်ဆုံးပြစ်ဒဏ်ထောင်ဒဏ် ၆ လ ချမှတ်လိုက်တာဟာ တရားမျှတမှုနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်လိုက်တာ ဖြစ်သလို တရားလွှတ်တော်ရှေ့နေ ဖြစ်လျက်သားနဲ့ ဘားကောင်းစီအက်ဥပဒေ (မြန်မာနို င်ငံရှေ့နေများကောင်စီအက်) နဲ့ အရေးမယူဘဲ ရာဇဝတ်မှုနဲ့ တရားစွဲအပြစ်ပေးခဲ့တာကြောင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုပ်ချပြီး အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုချင်တယ်” လို့ ပြောပါတယ်။

ကိုသန်းထိုက်ကိုလည်း တခြား ကျောင်းသားတွေနည်းတူ ထောင်ဒဏ်ကနေ ပယ်ဖျက်ပြီး အမှုကနေ လွှတ်ပေးဖို့ တောင်းဆိုလိုက်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ထုတ်ပြန်ချက်ထဲမှာတော့ တရားဥပဒေအရ ကာကွယ်ပေးနေတဲ့ လူ့အခွင့်အရေး ရှေ့နေနဲ့ ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင်တဦးကို အမှုဆင်ထောင်ချလိုက်တာဟာ တက်ကြွ လှုပ်ရှားသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို သွယ်ဝိုက်ခြိမ်းခြောက်လိုက်တာဖြစ်တယ်၊ ဒါကြောင့် တရားစီရင်ရေးမဏ္ဍိုင်ဟာ စိုးရိမ်ရတဲ့အထိ တိမ်းစောင်းနေပြီလို့ ဖော်ပြထားပါတယ်။

ဆန္ဒထုတ်ဖော်ခဲ့ကြသူတွေက တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော် လွတ်မြောက်ရေး၊ ဗကသများအဖွဲ့ချုပ် (ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း) ကိုသန်းထိုက် လွတ်မြောက်ရေး၊ တရားရေး မဏ္ဍိုင်တည့်မတ်ရေး ဒို့အရေး ဒို့အရေးနဲ့ မတရား အမှုဆင်ထောင်ချမှုများအား ကန့်ကွက်ကြ ၊ ရှုတ်ချကြလို့ ကြွေးကြော်ခဲ့ကြပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013