DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်မတော်တဆမှု ၃၆၀ ကျော်ဖြစ်၊ ၈၅ ဦး သေဆုံး
DVB
·
October 12, 2018
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်မတော်တဆမှု ၃၆၀ ကျော်ဖြစ်၊ ၈၅ ဦး သေဆုံး
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ပြီးခဲ့တဲ့ ၉ လတာကာလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၃၆၀ ကျော်ဖြစ်ပွားခဲ့ပြီး ၈၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီကနေ အောက်တိုဘာ ၁၁ ရက်အထိ ယာဉ်မတော်တဆမှုပေါင်း အကြိမ်ရေ ၃၆၀ ကျော်ဖြစ်ပွားခဲ့ရာမှာ  သေဆုံးသူ ကျား/မစုစုပေါင်း ၈၅ ဦးနဲ့ ဒဏ်ရာရှိသူ ၆၉၀ ကျော်ရှိခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

ယာဉ်မတော်တဆ  အများဆုံးဖြစ်ပွားခဲ့တဲ့ လတွေက ဧပြီနဲ့ စက်တင်ဘာဖြစ်ပြီး ၄၄ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဧပြီလမှာ သေဆုံးသူ ၁၂ ဦး၊ ဒဏ်ရာရရှိသူ ၁၃၇ ဦး ရှိခဲ့ပြီး စက်တင်ဘာမှာ သေဆုံးသူ ၅ ဦး ဒဏ်ရာရရှိသူ ၅၈ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလက်ရှိ အောက်တိုဘာ ၁၁ ရက်အထိ ယာဉ်မတော်တဆမှုပေါင်း ၂၁ ကြိမ်ဖြစ်ပွားခဲ့ကာ သေဆုံးသူ  အယောက် ၂၀ ရှိခဲ့ပြီး အများဆုံးဖြစ်ပါတယ်။

ယာဉ်မတော်တဆမှု လျှော့ချနိုင်ရေးအတွက် အသိပညာပေးမှုတွေ လုပ်ဆောင်နေတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

“အမြန်လမ်မကြီး ရဲတပ်ဖွဲအနေနဲ့ တိုးဂိတ်တွေမှာ ပညာပေးလက်ကန်းစာစောင်တွေ ဝေတယ်။ နောက်ပြီးတော့ အမြန်လမ်းဘေးဝဲယာမှာရှိတဲ့ ဈေးဆိုင်တွေနဲ့ကျေးရွာတွေမှာ ယာဉ်အန္တရာယ်အသိပညာပေးဟောပြောမှုတွေ လုပ်သလို တိုးဂိတ်တွေနဲ့ယာဉ်ရပ်နားစခန်းတွေမှာလည်း ယာဉ်မောင်းတွေကို အရက်သေစာသောက်စားခြင်း ရှိမရှိ တိုင်းထွာမှုတွေကို ဆောင်ရွက်ပါတယ်။"

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ၂၀၁၇ ခုနှစ်အတွင်းကတော့ ယာဉ်မတော်တဆမှုပေါင်း ၅၅၅ ကြီဖြစ်ပွားခဲ့ပြီး ၁၁၆ ဦးသေဆုံးကာ ၈၆၃ ဦး ဒဏ်ရာရခဲ့တယ်လို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း- ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013