DVB Logo
Home
စီးပွားရေး
အာဆီယံ ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်မည်
DVB
·
August 18, 2012
အာဆီယံ ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်မည်
Donate to DVB

ဒီနှစ်ကုန်ပိုင်း ရန်ကုန်ကျင်းပမယ့် အာဆီယံ ၁၀၀ ခေါင်းဆောင်မှု ဆွေးနွေးပွဲမှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ်လို့ Asia Inc Forum က ထုတ်ပြန်ပါတယ်။

အာဆီယံ ၁၀၀ ခေါင်းဆောင်မှု ဆွေးနွေးပွဲကို Asia Inc က ဦးစီးပြီး ၂၀၀၃ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး အာဆီယံရဲ့အနာဂတ်ကို ပုံသွင်းကြမယ့် ဒေသတွင်းက အထူးချွန်ဆုံး အနာဂတ်ခေါင်းဆောင်တွေကို ဖိတ်ခေါ်တဲ့ အစည်းအဝေးဖြစ်ပါတယ်။

စီးပွားရေးလောက၊ အစိုးရနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းက အပေါ်လွင် အထင်ရှားဆုံးသူတွေ တွေ့ဆုံပြီး အဓိက စိန်ခေါ်မှုတွေအပေါ်မှာ ဆွေးနွေးငြင်းခုံ အဖြေထုတ်ကြဖို့နဲ့ အနာဂတ် စီးပွားရေးနဲ့ နိုင်ငံရေးနယ်ပယ်တွေမှာ ပါဝင်ပတ်သက်စေဖို့ ရည်ရွယ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောဖို့ရှိပြီး ဒုတိယနေ့ကျရင် တက်ရောက်သူတွေနဲ့ မေးဖြေဆွေးနွေးမှာ ဖြစ်တယ်လို့ Asia Inc ရဲ့ ဩဂုတ် ၁၇ ရက်ထုတ် ကြေညာချက်က ဆိုပါတယ်။

Asia Inc ရဲ့ ဥက္ကဋ္ဌ ဒါတွတ် ပါဒူကာ တင်မိုသီ အွန်း (Dato Paduka Timothy Ong) ဟာ နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ဒီလ ၁၆ ရက်နေ့က လည်ပတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဖိုရမ်တက်ရေးကို အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ဖြတ်သန်းမှုနဲ့ ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်းဟာ အာဆီယံနဲ့ တခြားနိုင်ငံတွေအတွက် လှုံ့ဆော်မှုရဲ့ ရင်းမြစ်တခု ဖြစ်ပါတယ်လို့ Asia Inc ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

ဒီနှစ်အတွက် ဆွေးနွေးပွဲ ဖိုရမ်ကို ရန်ကုန်မှာ ဒီဇင်ဘာ ၅ ရက်ကနေ ၆ ရက်ထိ ကျင်းပဖို့ ဖြစ်ပြီး ဒီနှစ်အတွက် ဆွေးနွေးပွဲရဲ့ အာဘော်ကတော့ “ပဋိပက္ခ္ခကမ္ဘာ၊ အာရှရဲ့ထွန်းတောက်မှုနဲ့ ဒို့ ဒီကနေ ဘယ်ကိုသွားမလဲဆိုတဲ့ ဖိုရမ်အာဘော်ကို ရွေးချယ်ထားပါတယ်။

ဒီနှစ်ဖိုရမ်မှာ အာဆီယံနိုင်ငံတွေက အစိုးရတွေနဲ့ စီးပွားရေးလောကက ခေါင်းဆောင်တွေ တက်ရောက်မယ်လို့ အေရှားအင့်စ်က ဆိုပါတယ်။

သမ္မတဦးသိန်းစိန်ခေါင်းဆောင်မှုအောက်မှာ မြန်မာအစိုးရရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် တရုတ်နဲ့ အိန္ဒိယ နိုင်ငံနှစ်ခုအကြားက မဟာဗျူဟာမြောက် တည်ရှိနေတဲ့ လူသန်း ၆၀ လောက် နေထိုင်တဲ့ မြန်မာပြည်ဟာ အထီးကျန်ဆန်တဲ့ ဆယ်စုနှစ်တွေကို ကုန်ဆုံးစေပြီး သိသာတဲ့ ဆွဲဆောင်မှုကို ရလာခဲ့တယ်လို့ ကြေညာချက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖိုရမ်တုန်းက လက်ရှိ အာဆီယံခေါင်းဆောင်တွေဖြစ်တဲ့ ဖိလစ်ပိုင်သမ္မတ၊ မလေးရှားဝန်ကြီးချုပ်၊ အင်ဒိုနီးရှား သမ္မတနဲ့ စင်ကာပူဝန်ကြီးချုပ်တို့ တက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013