DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် အမျိုးသား ၁ဦး မိကျောင်းဆွဲခံရပြီး ခြေတဖက် ပြတ်သွား
DVB
·
October 12, 2018
ဘိုကလေးတွင် အမျိုးသား ၁ဦး မိကျောင်းဆွဲခံရပြီး ခြေတဖက် ပြတ်သွား
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ဆတ်ကျွန်းကျေးရွာအုပ်စုမှာ အောက်တိုဘာ ၁၁ ရက် ည ၉ နာရီလောက်က အမျိုးသားတဦး မိကျောင်းဆွဲခံရတာကြောင့် ခြေထောက်တဖက်ဆုံးရှုံးသွားပါတယ်။

ဆတ်ကျွန်းကျေးရွာအုပ်စု ရွှေပြည်အေး(ဝဲချောင်းကျေးရွာ)မှာနေထိုင်တဲ့ ဦးထွန်းဝင်း (၃၅) နှစ်ဟာ ပိုက်ထောင်ငါးဖမ်းအပြီး စက်လှေပေါ်ကနေ ခြေထောက်ဆေးတုန်းမှာပဲ မိကျောင်းရုတ်တရက်ပေါ်လာပြီး ဘယ်ဘက်ခြေထောက်ကို ကိုက်ဆွဲခဲ့တာကြောင့် ခြေထောက်တဖက်ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ ဆတ်ကျွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်က ပြောပါတယ်။

“ရေချိုးပြီးပြန်အတက် ခြေထောက်ဆေးရင်း မိချောင်းနဲ့ သူဆွဲကိုဆွဲဖြစ်ပြီး ခြေထောက်ပြတ်ပါသွားတာ။ မိန်းမကလည်းဆွဲတယ်။ သူလည်းလှေပေါ်ရောက်နေတဲ့ ညာခြေထောက်တချောင်းနဲ့ လှေကိုကန်ထားတာ။ ခြေသလုံးဒူးဆစ်ကနေ ပြတ်ပါသွားတာ။ အခုတော့ဖျာပုံဆေးရုံလွှဲပြီး ဆေးကုသမှုခံယူနေပါတယ်”

ဆတ်ကျွန်းကျေးရွာအုပ်စုမှာ မိန်းမလှကျွန်းအနီးတဝိုက်က ကျေးရွာပေါင်း ၃၀ နီးပါး လူဦးရေ ၁၀၀၀၀ ကျော်နေထိုင်ကာ အရင်ကလည်း လူ ၄ ဦး  မိချောင်းဆွဲခံခဲ့ရဖူးပြီး သေဆုံးသူမရှိခဲ့ပေမယ့်လည်း တဦးကတော့ ခါးကိုအဆွဲခံခဲ့ရဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013