DVB Logo
Home
မြန်မာသတင်း
တရားရေးမဏ္ဍိုင်ကို မီးမောင်းထိုးဖော်ကျူးထားသည့် သမ္မတကြီးထံပေးစာရုပ်ရှင်(နမူနာ)
DVB
·
October 12, 2018
တရားရေးမဏ္ဍိုင်ကို မီးမောင်းထိုးဖော်ကျူးထားသည့် သမ္မတကြီးထံပေးစာရုပ်ရှင်(နမူနာ)
Donate to DVB

မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင်ကို မီးမောင်းထိုး ဖော်ကျူးထားတဲ့ သမ္မတကြီးထံ ပေးစာ အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး စာရေး ဆရာ လူနေရဲ့ ၀တ္ထုကို နေနော်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ ၀ိုင်းက ပုံဖော် ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။
ပဲပြုတ်သည် အဖွားအို တယောက်ရဲ့ စာတစောင်ကနေ ဇာတ်လမ်းစတင်ထားတဲ့ ဒီရုပ်ရှင်ကားဟာ လူသတ်မှုတစ်ခုကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။ တရားဥပဒေရဲ့ အထက်မှာ အာဏာနဲ့ ငွေဟာ တကယ်ပဲ ရှိနေပြီလား။ တရားခံမဟုတ်ဘူးဆိုတာ သိနေလျက်နဲ့ ဒီအမှုကို ဘာကြောင့် မဖော်ထုတ်ခဲ့တာလဲ။ ဒါဟာ ငွေကြောင့်လား။ လုပ်ပိုင်ခွင့်ကြောင့်လား။ ငွေများငွေနိုင် တရားရေးကို လက်မခံနိုင်တော့တဲ့ အမှုတခုမှာ တရားဥပဒေကို မယုံကြည်နိုင်တော့တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာတွေကို ဒီရုပ်ရှင်ကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ထူးထူးခြားခြား လူငယ်သရုပ်ဆောင် မင်းသားမင်းသမီးသစ်တွေနဲ့ တွဲဖက်ရိုက်ကူးထားတာဖြစ်ပြီး အလင်းရောင်၊ ချမ်းမင်းရဲထွဋ်၊ ဖွေးဖွေး၊ မေဆူးမောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။
ရုပ်ရှင်အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က ရန်ကုန်မြို့မှာ  ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီကားထဲမှာ ပါဝင်တဲ့ ဖွေးဖွေးနဲ့ ၀ိုင်းတွဲဖက်မှုဟာလည်း ပရိသတ်အားပေးမှုရှိပြီး ဖြစ်ကာ အလင်းရောင်နဲ့ ချမ်းမင်းရဲထွဋ်တို့ကလည်း ပွဲဦးထွက် ထွက်ရှိပြီးဖြစ်တဲ့ ရုပ်ရှင်ကားတွေမှာ ပရိသတ် သတိပြုမိခဲ့သူတွေ ဖြစ်တာမို့ ဒီကားထဲမှာတော့ ဘယ်လိုသရုပ် ဆောင်မှုတွေနဲ့ ပါဝင်ထားကြမလဲဆိုတာကိုတော့ မကြာခင်မှာ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။
သမ္မတကြီးထံ ပေးစာ ရုပ်ရှင်ကားဟာ လက်ရှိကာလကို ထင်ဟပ်နေတဲ့ ရုပ်ရှင် ကားတကားဖြစ်တာမို့ ထွက်မလာခင်ကတည်းက ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ တာဖြစ်ပြီး ရုပ်ရှင် Trailer ဟာလည်း ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013